စစ်ကိုင်း အောက်တိုဘာ ၂၉
စစ်ကိုင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် VDP စီမံကိန်းကျေးရွာများဖြစ်သော ချောင်းပေါက်ကျေးရွာ၊ ပေါက်တောကျေးရွာ၊ ခိုတောင်ကျေးရွာ၊ မြေတိုင်ကျေးရွာများတွင် ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား အောက်တိုဘာ(၂၇)ရက်နေ့က ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ခရိုင်အင်ဂျင်နီယာများ၊ မြို့နယ်ဦးစီးမှူးနှင့် ကြီးကြပ်အင်ဂျင်နီယာအဖွဲ့များမှ သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးမှ ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံ၍ ကွန်ကရစ်လမ်းအရှည် ၅၂၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိပြီး သတ်မှတ်စံချိန်စံနှုန်းများအတိုင်း အရည်အသွေး ပြည့်မီစွာဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး၊ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်ကြရန်နှင့် ကော်မတီဝင်များမှ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်