မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနနေရာ၌ ယနေ့နံနက် ၈နာရီအချိန်ကစတင်ကာ မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ကျေးရွာနေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး PFIZER ထိုးနှံပေးခဲ့သည်။

နောင်တရား တိုက်နယ်ပြည်သူ့ဆေးရုံ၌ Pfizer အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ သက်မှတ်ချက်များနှင့် ကိုက်ညီသည့် ပြည်သူများကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် Pfizer အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခဲ့သည်။

ဆင်ပေါင်ဝဲမြို့ အမှတ်(၂)ရပ်ကွက်တွင် မေမြို့ပန်းစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ အမှတ်(၂)ရပ်ကွက်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း မိုးအစိုဓာတ်၊ မြေအောက်ရေများအသုံးပြုပြီး ဆောင်းသီးနှံ မေမြို့ပန်းများ စိုက်ပျိုးရောင်းချရာတွင် အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရသည်။

ကျေးရွာချင်းဆက် ကျောက်ချောလမ်း ခင်းကျင်း ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့အတွင်းရှိ နာယန်း-ဝပ်ထမ်း ကျေးရွာချင်းဆက် ကျောက်ချောလမ်းကို ဇန်နဝါရီလအတွင်း ခင်းကျင်းပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ နေပြီဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အဆောက်အအုံစာရင်းများကောက်ယူ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဦးစီး၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် လူဦးရေစာရင်း အဆောက်အအုံစာရင်းများကောက်ယူခြင်းကို ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်၍ ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

ချောက်မြို့နယ် Community Centre ခန်းမ၌ (၇၇)နှစ်ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ချောက်မြို့နယ် Community Centre ခန်းမ၌ (၇၇)နှစ်ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ ချောက် ဇန်နဝါရီ ၂၆ နိုင်ထက်မိုး (ချောက်မြို့နယ်/ ပြန်ဆက်)

ကျိုက်မရော၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြပွဲကျင်းပ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။
Subscribe to