မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူဦးရေ(၁၇၀)ကျော်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုရုံးတွင် ၂၀၂၄-ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ယနေ့အထိ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူပြီးသည့် မူးယစ်ဆေးဖြတ် သင်တန်းသားဦးရေ (၁၇၀)ကျော်ရှိပြီး ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ် သင်တန်းဆင်း သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ (၁၁/၂၀၂၄) အခမ်းအနားမှ သိရသည်။

ရန်ကုန်မြို့၌ စည်းကမ်းမဲ့ YBS ယာဉ်မောင်းများအား Traffic Control Center မှ Telematics စက်များ၊ CCTV record မှတ်တမ်းများဖြင့် စစ်ဆေးအရေးယူဆောင်ရွက်

ရန်ကုန်မိတွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းကုမ္ပဏီများမှ စည်းကမ်းမဲ့ YBS ယာဉ်မောင်းများအား Traffic Control Center မှ Telematics စက်များ၊ CCTV record မှတ်တမ်းများဖြင့် စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများတွင် ဆီထွက်သီးနှံနေကြာနှင့် အစေ့ထုတ်ပြောင်း သီးနှံများ စိုက်ပျိုးနိုင်‌ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများတွင် ဆီထွက်သီးနှံနေကြာနှင့် အစေ့ထုတ်ပြောင်းသီးနှံများ စိုက်ပျိုးနိုင်‌ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ မြို့နယ်ရှစ်မြို့နယ်မှ တောင်သူကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိအကျဉ်းထောင်များမှ အကျဉ်းသူ ကိုယ်ဝန်ဆောင်မိခင်များနှင့် အကျဉ်းသူကလေးမိခင်များ၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် နေထိုင်ခွင့်ပြုထားသောအသက်(၃) နှစ်အောက် ကလေးသူငယ်များအား လူမှုဝန်ထမ်းဉီးစီးဌာနမှ ငွေကြေးထောက်ပံ့

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိအကျဉ်းထောင်များမှအကျဉ်းသူကိုယ်ဝန်ဆောင်မိခင်များနှင့်အကျဉ်းသူ ကလေးမိခင်များ၏ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် နေထိုင်ခွင့်ပြုထားသော အသက်(၃) နှစ် အောက် ကလေးသူငယ်များအားလူမှု ဝန်ထမ်းဉီးစီးဌာနမှ ငွေကြေးထောက်ပံ့လျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ပုဂ္ဂလိကစက်မှုမှတ်ပုံတင် ဆီစက်လုပ်ငန်းရှင်များအား ဖွင့်လှစ်ပို့ချခဲ့သည့် အသိပညာသင်တန်းသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပုဂ္ဂလိကစက်မှုမှတ်ပုံတင် ဆီစက်လုပ်ငန်းရှင်များအား ဖွင့်လှစ်ပို့ချသည့် အသိပညာပေးသင်တန်းသို့ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် စားအုန်းဆီတင်သွင်းမှုလျော့ချရေး၊ ဒေသတွင်းစားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ တိုးမြှင့်ကြိတ်ခွဲရေးကြီးကြပ်မှု ကော်မတီဝင်ဌာနများမှ တာဝန်ရှိသူများ၊ ဆီစက်လုပ်ငန်းရှင်များနှင့်အတူ တက်ရောက်ခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၌ ကျောင်းသား/ ကျောင်းသူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ်၊ ပါမောက္ခဒေါက်တာတင်ထွန်းက ယမန်နေ့နံနက်ပိုင်းက ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်-(မန္တလေး)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။

မိုးညိုမြို့နယ်၌ မြစ်ကမ်းပါးပြိုကျ၍ ကြိုတင်ပြောင်းရွှေ့ရသည့် နေအိမ်မှ မိသားစုများအား ထောက်ပံ့

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဟင်္သာချောင်ကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာ(ကိုးလံကျွန်း)တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁၀)လုံးမှ မိသားစုများအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျေးရွာအရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ၂၀၂၄ ခုနှစ်၊ စဥ်ဆက်မပြတ် ပညာရေးလုပ်ငန်းဆောင်ရွက်နေသည့် စာသင်ဝိုင်းများအား သွားရောက်အားပေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဥတ္တသီရိခရိုင်၊ ဥတ္တရသီရိမြို့နယ်နှင့် လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စဥ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် စာသင်ဝိုင်းများအား သွားရောက်ကြည့်ရှုအား ပေးခဲ့သည်။

ခရီးသွားများအား ဆွဲဆောင်ရာ Xijiang မြောင်ရွာ

​​​​​​​တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် တည်ရှိသည့်  Xijiang မြောင်ရွာသည် ကမ္ဘာပေါ်တွင် အကြီးဆုံး‌လူမျိုးစုများထဲမှ တစ်ခုအဖြစ် ကျော်ကြားသည်။ ပြည်နယ်မြို့တော် ကွေ့ယန်းမြို့မှ ကီလိုမီတာ ၂၀၀ အကွာတွင်တည်ရှိကာ ပြည်တွင်း ပြည်ပခရီးသွားများကို ဆွဲဆောင်ရန်အကောင်းဆုံး နေရာတစ်ခုအဖြစ် သတ်မှတ်ထားသည့် နေရာတစ်ခုဖြစ်သည်။ ရှုခင်းသာ တောင်ချိုင့်ဝှမ်းအတွင်းတည်ရှိသည့်  မြောင်ရွာသည် ကြွယ်ဝသော ယဉ်ကျေးမှုအတွေ့အကြုံများကို ပေးစွမ်းပြီး ရိုးရာလူနေမှုပုံစံ၊ ဗိသုကာပညာနှင့်  ဓလေ့ထုံးတမ်းများကို နှစ်ခြိုက်သည့် ခရီးသွားများကို ဆွဲဆောင်ထားလျက်ရှိသည်။ အိမ်ခြေတစ်ထောင်ကျော်ခန့်ရှိသည့် သမိုင်းဝင်၊ ယဉ်ကျေးမှုနှင့် သဘာဝဆွဲဆောင်မှု များကို ပေါင်းစပ်ပေးထားသည့် Xijiang မြောင်ရွာသည် ခရီးသွားလုပ်ငန်း သိသိသာသာတိုးတက်လာခဲ့သည်။

မြစ်သားမြို့ ဘူတာရပ်ကွက်အတွင်းရှိ ရေ‌ဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အခြေခံကျန်းမာရေးဆိုင်ရာ ဆေးကုသပေးခြင်း၊ ဆေးဝါးများထောက်ပံ့ပေးခြင်းနှင့် ဆန်၊ ဆီများ ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရတနာအောင်မြေဘုရားဝန်းအတွင်း ဘူတာရပ်ကွက်ရှိ ရေ‌ဘေးသင့်ပြည်သူများအား အခြေခံကျန်းမာရေးဆိုင်ရာ ဆေးကုသပေးခြင်း၊ ဆေးဝါးများ ထောက်ပံ့လှူဒါန်းပေးခြင်းနှင့် သုံးဆူရတနာဆုတောင်းပြည့်စေတီတွင် ဘူတာရပ်ကွက်ရှိ ရေ‌ဘေးသင့်ပြည်သူများအား ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to