ရွှေပြည်သာမြို့နယ်၌ ကျောင်းသား/သူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် စာပေဟောပြောပွဲ ကျင်းပ

ရွှေပြည်သာ   အောက်တိုဘာ  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ကျောင်းသား/သူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာပေဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရွှေပြည်သာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာ မြင်းခြံကျော်အောင်က ကျောင်းသား/သူများအား ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် အားမာန်ငါးရပ်‌ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက စာရေးဆရာမြင်းခြံကျော်အောင်အား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကာ စာ‌ရေး‌ဆရာမြင်းခြံ‌ကျော်အောင်က‌ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုမြို့နယ်ပညာရေးမှူး ဦးအောင်မျိုးဆန်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြသည်။

နေမျိုးထွန်း(ပြန်/ဆက်)