ပေါင်းတည်၌ ဒေသထွက် ပြောင်းဖူးရောင်းဝယ်ရေး စျေးဆိုင်များအား ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖူးစားပြောင်းများကို ယာမြေ၊ ကိုင်းမြေနှင့် ခြံမြေများတွင် စိုက်ပျိုးကြပြီး ထွက်ရှိသော ပြောင်းဖူးများကို ရန်ကုန်-ပြည် ကားလမ်းတစ်လျှောက် ယာယီစျေးတန်းပြုလုပ်ကာ ရောင်းချလျက်ရှိရာ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု အားပေးကြသည်။

ကျိုက်ထိုမြို့နယ်တွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေးလုပ်ငန်း သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေးလုပ်ငန်းသင်တန်းကို အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့်အဖွဲ့ မြို့သန့်ရှင်းသာယာရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် ပြည်နယ်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၊ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီခွဲက တောင်ကြီးမြို့ပေါ်ရှိ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဓနုဖြူမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ထီကွေ့ကျေးရွာအုပ်စု၊ ထီကွေ့အရှေ့ကျေးရွာရှိ တောင်သူဦးကျော်ဝင်းစိန်၏ ကွင်းအမှတ် ၇၀၊ ဦးပိုင်အမှတ် ၂/၁၊ လယ်မြေ၌ ကျင်းပသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် မကွေး တိုင်းဒေသကြီးကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် ဖူဆယ်အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားကွင်း၌ နေပြည်တော်တွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၌ မကွေးတိုင်းဒေသကြီးမှ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် ဖူဆယ်အားကစားပြိုင်ပွဲဝင်များအား တိုင်းဒေသကြီး ဖူဆယ်အားကစားရုံတွင် စခန်းသွင်းလေ့ကျင့် နေမှုအား သွားရောက်ကြည့်ရှုအားပေးကာ တိုင်းဒေသကြီး အားကစားကွင်း၌ မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း Synthetic ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေမှ တောင်းခံသည့် အသုံးစရိတ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၍ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများအား ကြိုဆိုဂုဏ်ပြု

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ကျခံသုံးစွဲခွင့်ပြုရန် တင်ပြလာသည့် အသုံးစရိတ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ပထမအကြိမ်သက်တမ်းတိုး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Petro & Trans Co.,Ltd တို့အကြား ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ပထမအကြိမ်သက်တမ်းတိုး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မှော်ဘီမြို့နယ်၌ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာဇဗ္ဗူအေးမြို့ဦးစေတီတော်နှင့် သာသနာ့ဗိမာန်တော်ကြီးဆက်လက်တည်ဆောက်ရေးအတွက် လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းတည့် ၁ နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် အခြေခံကွန်ပျူတာသင်တန်း (၆/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်း (၆/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း Grade-11 နှင့် Grade-12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် အလုံခရိုင်၊ အလုံမြို့နယ်၊ အ.ထ.က (၄)၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည့် Grade-11 နှင့် Grade-12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်ချီးမြှင့်ခဲ့သည်။
Subscribe to