စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ် ကျောင်းတိုက်ကြီးများရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ဆွမ်းလောင်းလှူပွဲနှင့် သီလရှင်ကျောင်း ၆ ကျောင်းရှိ သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက် အတွင်းရှိ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ‌ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးအတွက် ကျောင်းအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ ဆရာမများကနှင့် ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းဆောင်များ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ် ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားကာ သန့်ရှင်းရေး ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

မိတ္ထီလာခရိုင်အဆင့်ဌာနဆိုင်ရာများ၏ စုပေါင်းဆွမ်းလောင်းလှူဒါန်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ ခရိုင်အဆင့်ဌာနဆိုင်များ၏ ပါဝင်လှူဒါန်းမှုဖြင့် မြို့လုံးကျွတ်သံဃာတော်များအား ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၅နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းနေရာတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကျင်းပ

‌မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး၌ မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ (၇-၁၁-၂၀၂၄) ရက်နေ့တွင် ကျရောက်မည့် (၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စတင်ခူးဆွတ်ရောင်းချရသဖြင့် မိသားစုများအဆင်ပြေလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပြည်သူများအနေဖြင့် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း၊ နေ့စဉ်ဝင်ငွေရရှိရေး ကာလတို/ကာလရှည် ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးရောင်းချလျက်ရှိရာ ညောင်ပင်ဇောက်ကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စတင်ခူးဆွတ်ရောင်းချသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ညောင်တုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက ဆားမလောက်ကျေးရွာရှိ သုခမင်္ဂလာဈေးရုံ‌ရှေ့၌ ဆောင်ရွက်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များက လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃)ခုသို့ ဘုရားဆင်းတုတော်၊ သင်္ကန်း၊ ဆန် နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့

ကမ္ဘောဒီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များက လွိုင်ကော်မြို့ ရေဘေးသင့်ပြည်သူများအား ဘုရားဆင်းတုတော်၊ သင်္ကန်း၊ ဆန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ သာသနာ့ဗိမာန် တော်ကြီး၊ ဥတ္တရာရုံပရိယတ္တိစာသင်တိုက်နှင့်ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံးပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပြီး တပ်ကုန်းမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  ရာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ပျဉ်းမနားမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံးပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်း၊ တပ်ကုန်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများ၊ ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့များ ထောက်ပံ့ ပေးအပ်ခြင်း၊ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ကျောင်းကုန်းမြို့၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူများ ပညာကိုကြိုးစားအားထုတ်မှု ပိုမိုတိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်နှင့် အင်္ဂလိပ်စာဝေါဟာရကြွယ်ဝလာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ(ကျပန်း)များကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to