စဉ်ဆက်ပညာရေး TOT သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများအား တာဝန်ရှိသူများက တွေ့ဆုံအားပေး

မိုင်းယောင်း အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် အောက်တိုဘာလ ၂၇ နေ့က စဉ်ဆက်ပညာရေး TOT သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများအား အထက(မိုင်းယောင်း)တွင် သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ကျိုင်းတုံမြို့ ပညာရေးဒီဂရီကောလိပ်တွင် စဉ်ဆက်ပညာရေး TOT သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများနှင့်အတူ သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)