မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်နှင့်အညီ မြို့နယ်အတွင်းမီးလောင်မှုမဖြစ်ပေါ်စေရေးတို့အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့နှင့်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ကုတင်(၅၀)ဆံ့၊ တိုင်းရင်းဆေးရုံအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မုံရွာမြို့အပါအဝင် တိုင်း‌ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနိုင်ရေး၊ ဆေးရုံပတ်ဝန်းကျင် ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ကုတင်(၅၀)ဆံ့၊ တိုင်းရင်းဆေးရုံအတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမူရေးအသင်းအဖွဲ့များ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။

ရေနံချောင်းမြို့နယ်၊ ဖရဲကျွန်းကျေးရွာတွင် အထွက်ကောင်းဆာဖိုးသာနွေစပါး စံပြကွက်(၁၀၀)ဧက စိုက်ပျိုးထုတ်လုပ်မည်

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မာန်မြေကျေးရွာအုပ်စုတွင် နွေစပါးစိုက်ပျိုးရာသီ၌ အထွက်ကောင်းစပါး ဆာဖိုးသာ အကွက်ကျယ် စံပြကွက်(၁၀၀)ဧက စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ပြီး အဆိုပါနွေစပါးဆာဖိုးသာစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဖရဲကျွန်းကျေးရွာတွင် ကျင်းပသည်။

မြို့သစ်မြို့နယ်တွင်စိုက်ပျိုးထားသည့် ရေမွှေးပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တပ်ကုန်းကျေးရွာတွင် ရေမွှေးပန်းများစိုက်ပျိုးရောင်းချကာ နေ့စဉ်ပုံမှန်ဝင်ငွေရရှိကြောင်း ပန်းစိုက်တောင်သူများထံမှ သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် စံဖူးကျေးရွာမှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တပ်မတော်ကွန်ပျူနှင့်နည်းပညာသိပ္ပံ(ဟိုပုံး) ကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ(၁)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူးဘုန်းတော်ကြီးကျောင်းအားသွားရောက်၍ ဆရာတော်ဦးဣန္ဒက ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။

မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီးများတွင် မီးဘေးအန္တရာယ်ကင်းဝေးရေး လိုက်လံအသိပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်ကြီးများသို့ ယမန်နေ့ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးအတွက် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကွင်းပိတ်ပွဲအခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကွင်းပိတ်ပွဲအခမ်းအနားအား ခန္တီးမြို့ဇီးဖြူကုန်းရပ်ကွက်ရှိ နာဂရိုးရာ ကွင်းအတွင်း ပြုလုပ်ခဲ့သည်။

လွိုင်လင်မြို့တွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့မီးသတ်ဦးစီးဌာနတွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၄)ဆင်းပွဲကို ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကံစောလှိုင်တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

ကလောမြို့နယ်၌ (၂၄)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် (၂၄)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ကလောမြို့ မြို့လယ်ဓမ္မရုံ၌ကျင်းပရာ ကလောတပ်နယ် ဗိုလ်ချုပ်ကျော်လင်းမောင်နှင့်အဖွဲ့ဝင်များ၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ၊ ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းနှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူအလှူရှင်များ တက်ရောက်ခဲ့သည်။

တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရပ်ကွက်၊ကျေးရွာပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အနော်ရထာရပ်ကွက်တွင် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
Subscribe to