တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ၁၃၈၆ခုနှစ် စုဒ္ဒသမအကြိမ် (၁၄ ကြိမ်မြောက်) စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် စုဒ္ဒသမအကြိမ်(၁၄ ကြိမ်မြောက်)  စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်၌ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက သာသနာ့ဗိမာန်တော်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများအား ဆက်ကပ်လှူဒါန်းပူဇော်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပရာ ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်ပင်မဓာတ်အားခွဲရုံ ပြန်လည်လည်ပတ်နိုင်ရေးပြုပြင်နေမှုများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်ပင်မဓာတ်အားပေးခွဲရုံရှိ Control Room ၌ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတွဲမြင့်နှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ရေးဌာန၊ အင်ဂျင်နီယာ ဦးထွန်းဝဏ္ဏတို့က ဓာတ်အားခွဲစက်ရုံ၏ ပျက်စီးခဲ့သည့် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများပြုပြင်ပြီး ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်မည့်အခြေအနေများနှင့် ပြုပြင်ပြီးပါက လွိုင်ကော်မြို့နှင့်အခြားဒေသများသို့ မဟာဓာတ်အားလိုင်းပို့လွှတ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်စဉ် အခက်အခဲများ၊ ဖြည့်ဆည်းပေးရန်များရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စက်ရုံ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက် ကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် Switchyard အတွင်း အကြမ်းဖက်သမားများနှင့် မသမာသူများ၏ အကြမ်းဖက် လုပ်ရပ်များ ကြောင့် ထိခိုက်ပျက်စီး၊ ပျောက်ဆုံးခဲ့သည့် ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်းများ ပြန်လည်ပြုပြင်မည့် အစိတ်အပိုင်းများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကာ ဝန်ထမ်းများသို့ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ထောက်ပံ့ ပေးအပ်ခဲ့သည်။

မြောင်းမြမြို့တွင် (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့(အကြို) မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့(အကြို) မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က Happy ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်

ကျောက်ဆည်မြို့နယ်တွင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်စီးဆင်းမှုပြတ်တောက်မှုမရှိစေရေး ရေတိုက်စားမှုကြောင့်ပျက်စီးခဲ့သည့် လမ်းပိုင်များနှင့် တံတားတစ်စင်းအား ပြန်လည်ပြုပြင်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်စီးဆင်းမှုပြတ်တောက်မှုမရှိစေရေး မိုးရွာသွန်းမှုများပြီး ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် လမ်းပိုင်းများနှင့်တံတားစင်းအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး၌ AIနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် AIနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းကကျင်းပခဲ့ရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ကန့်ဘလူမြို့၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၆/ ၂၀၂၄) အခမဲ့ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ် (၆/၂၀၂၄) ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်ထံမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများဩဝါဒခံယူ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI သင်တန်းများသို့တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ ဩဝါဒခံယူပွဲအခမ်းအနားကို အောက်တိုဘာလ(၃၀)ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျောက်ဆည်မြို့နယ် ငပြောင်ဆည်ရေသောက်စနစ် ကွမ်းဆေးမြောင်းတွင် မြောင်းဘောင်ရေတိုက်စားခြင်းမှ ကာကွယ်စေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ကျောက်ရိုးစီခြင်းများဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ငပြောင်ဆည်ရေသောက်စနစ် ကွမ်းဆေးမြောင်းတွင် မြောင်းဘောင်ရေတိုက်စားခြင်းမှ ကာကွယ်စေရန်နှင့် မြောင်းဘောင်ရေရှည်တည်တံ့ခိုင်မြဲရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြောင်းဘောင်ကျောက်ရိုးစီခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to