နေပြည်တော် အောက်တိုဘာ ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်သူများ သွားလာရေးလွယ်ကူစေရေး၊ ဘုရားဖူးပြည်သူများ မာရဝိဇယဘုရားသို့ လွယ်ကူစွာသွားရောက် ဖူးမြော်ကြည်ညိုနိုင်ရေးနှင့် ကျောင်းသား/ ကျောင်းသူများ သက်ဆိုင်ရာတက္ကသိုလ်များ၌ ပညာသင်ကြားရာတွင် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် EV Bus များဖြင့် ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါယာဉ်များ မရောက်ရှိသေးချိန်ကာလအတွင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်၊ တော်ဝင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ Yutong CB ယာဉ် ခြောက်စီးဖြင့် မြို့တွင်းလိုင်း လေးလိုင်းကို နေပြည်တော်တွင် ပြေးဆွဲပေးလျက်ရှိသည်။
အဆိုပါ တော်ဝင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ မြို့တွင်းလိုင်း လေးလိုင်းဖြင့် လမ်းကြောင်း (၁) (ဇမ္ဗူသီရိလမ်းကြောင်း) အနေဖြင့် ဘောဂသီရိ-နှင်းဆီးပန်းအဝိုင်း- ရွှေညောင်ပင်-နေပြည်တော်ကောင်စီ - စည်ပင်ဧည့်ရိပ်သာ - သပြေကုန်း - ပရဆေးဥယျာဉ် - ဓါတုဇယဘုရား- နည်းပညာတက္ကသိုလ် - မာရဝိဇယဘုရား - ဘိုးဘွားရိပ်သာ - ဉာဏသိဒ္ဓိရပ်ကွက်- Naypyitaw State Academy ကျောင်း- ဝဏ္ဏသိဒ္ဓိရပ်ကွက် - သုခတော်ဝင် - မြို့မဈေးတို့ဖြစ်ပြီး ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၂၀၀၀ကျပ်၊ လမ်းကြောင်း (၂) (လယ်ဝေးလမ်းကြောင်း) အနေဖြင့် လယ်ဝေးမြို့မဈေး- လယ်ဝေးအားကစားကွင်း - ရွှေအင်ကြင်းရပ်ကွက် - ဒက္ခိဏသီရိဈေး - ကံ့ကော်ပန်းအဝိုင်း- Excel Capital - တုံဂပူရိလမ်းဆုံ- Junction Center - အဆင့်မြင့်ဈေး - နည်းပညာတက္ကသိုလ် - မာရဝိဇယဘုရား - ဘိုးဘွားရိပ်သာ- ဉာဏသိဒ္ဓိရပ်ကွက်- Naypyitaw State Academy ကျောင်း ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၁၅၀၀ကျပ်၊ လမ်းကြောင်း(၃) (ပုဗ္ဗသီရိ ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းကြောင်း) အနေဖြင့် သိုက်ချောင်းလမ်းဆုံ- တိရိစ္ဆာန်ဥယျာဉ်- ရေဆင်းကျေးရွာ - ပင်လောင်း လမ်းဆုံ- လျှပ်စစ်လမ်းခွဲ- ကျောက်ချက် - နှင်းဆီပန်းအဝိုင်း- ရွှေညောင်ပင် - နေပြည်တော်ကောင်စီ- ဇမ္ဗူသီရိဆေးရုံ - စည်ပင်ဧည့်ရိပ်သာ - သပြေကုန်း - ပရဆေးဥယျာဉ် - မြို့မဈေး-သုခတော်ဝင် - ဝဏ္ဏသိဒ္ဓိရပ်ကွက် - Naypyitaw State Academy ကျောင်း - ဉာဏသိဒ္ဓိရပ်ကွက် - မာရဝိဇယဘုရား - နည်းပညာတက္ကသိုလ် ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၂၀၀၀ကျပ်၊ လမ်းကြောင်း(၄) (ပုဗ္ဗသီရိလမ်းကြောင်း) အနေဖြင့် သိုက်ချောင်းလမ်းဆုံ- ကုတင် (၃၀၀) ဆေးရုံ - ကျည်တောင် ကန်လမ်းဆုံ - နေပြည်တော်ဘူတာကြီး- Polytechnic University - အင်ကြင်းပန်းအဝိုင်း - မန္တလေးလမ်း - ကုမုဒြာကြာပန်းအဝိုင်း- စည်ပင်အိမ်ရာ - သပြေကုန်း- ပရဆေးဥယျာဉ် - မြို့မဈေး- သုခတော်ဝင်-ဝဏ္ဏသိဒ္ဓိရပ်ကွက်- Naypyitaw State Academy ကျောင်း - ဉာဏသိဒ္ဓိရပ်ကွက်- မာရဝိဇယဘုရား - နည်းပညာတက္ကသိုလ် ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၂၀၀၀ ကျပ်နှုန်းတို့ဖြင့် ပြေးဆွဲပေးနေလျက်ရှိကြောင်းသိရသည်။
နေရည်(ပြန်/ဆက်)