ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်စက်မှုဇုန်ပြန်လည် လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ကယားပြည်နယ် လွိုင်ကော်စက်မှုဇုန်ပြန်လည်လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ  ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လွိုင်ကော်မြို့စက်မှုဇုန်ရှိ စက်မှုလက်မှု လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဘိုကလေးမြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော စဉ်ဆက်ပညာရေးလုပ်ငန်းအား အောက်တိုဘာ (၈)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိပြီး ၎င်းစဉ်ဆက်ပညာရေးလုပ်ငန်းအား (၂၀၂၅)ခုနှစ် ဇွန်လ(၈)ရက်နေ့ အထိ ရက်ပေါင်း(၉၀)ဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့ ညနေ(၃)နာရီအချိန်၌ ဘိုကလေးမြို့ပေါ်ရပ်ကွက်စာဖတ်ဝိုင်းများနှင့် သကံကျေးရွာအုပ်စုရှိ စာဖတ်ဝိုင်းသို့ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးတင်လင်း၊ ခရိုင်ပညာရေးမှူး ဦးဝင်းအောင်၊ ဘိုကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြသည်။

မိုင်းယုမြို့၊ ဒေါင်နေကျေးရွာ၌ ရှမ်းရိုးရာဓလေ့ကထိန်ဆင်ဆွဲပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့သည် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေရန်နှင့် သဘာဝဘေးကပ်ဆိုးများ ဆိုက်ကပ်မှုမရှိစေရန်အတွက်ရည်စူး၍ တစ်နှစ်လျှင်တစ်ရွာစီဖြင့် အလှည့်ကျကျင်းပလေ့ရှိသည့် ရိုးရာဓလေ့ကထိန်ဆင်ဆွဲပွဲတော်ကို နိုဝင်ဘာ ၅ ရက်နေ့မှစတင်၍ ၇ ရက်နေ့ထိ သုံးရက်တိုင်တိုင် မြို့မရပ်ကွက်၊ ဒေါင်လုံကျေးရွာရှိ ဝပ်ကြွမ်းခေါင်းဘုန်ကြီးကျောင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၏ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့က မိုင်းဇင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၀၆)ရှိ တောင်သူဦးဆားလို၏ စိုက်ပျိုးမြေ(၁ ဒဿမ ၀၀)ဧကတွင် ဆင်းဧကရီ-၃ စပါးမျိုးဖြင့် ရိတ်သိမ်းပွဲ ကျင်းပသည်။

မုဒုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများ

နိုင်ငံအတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/သူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများရရှိစေခြင်းဖြင့် အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို အောက်တိုဘာ ၃၀ မှ ၃၁ ရက်နေ့အထိ မွန်ပြည်နယ်၊ မုဒုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပေးခဲ့ပြီး အဆိုပါပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသူများ၏ ရင်တွင်းစကားသံများကို ယခုလို ဖော်ပြလိုက်ရပါသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး စံကွက်ရိတ်သိမ်းပွဲအား ယမန်နေ့ နံနက်ပိုင်းက ကွင်းယားအရှေ့အုပ်စု၊ ကွင်းယားကြီးကျေးရွာတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်ကြည့်ရှုခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်စက်မှုဇုန်ပြန်လည်လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ကယားပြည်နယ် လွိုင်ကော်စက်မှုဇုန်ပြန်လည်လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လွိုင်ကော်မြို့စက်မှုဇုန်ရှိ စက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော နေပြည်တော်အဆင့် လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော နေပြည်တော်အဆင့် လုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ညောင်ရွှေမြို့၌ ရာဂိမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ညောင်ရွှေမြို့နယ်အတွင်း ပြီးခဲ့သည့်စက်တင်ဘာလဆန်းပိုင်းက ရာဂိမုန်တိုင်းဒဏ်ကြောင့် လူနေအိမ်များ၊ စိုးရအဆောက်အဦများ၊ သာသနိကအဆောက်အဦများနှင့် ဈေးများ၊ လူနေရပ်ကွက် များအတွင်း ရေများဝင်ရောက်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ မြို့နယ်အတွင်း ရေကြီး နစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် လူနေအိမ်များအတွက် အမျိုးသားသဘာဝဘေး ရန်ပုံငွေမှ အိမ်ဆောက်ပစ္စည်းဘိုးငွေ ထောက်ပံ့ပေးအပ်ခြင်းကို အောက်တိုဘာ(၃၁)ရက် မွန်းလွဲ (၂)နာရီက ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာ၊ ကွင်းအမှတ် ၁၇၂၁ တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများတွင် ဆောင်း သီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် မြေပြင်ခြင်း၊ စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရောက်သည်။
Subscribe to