တာမွေမြို့တွင် ပုံပြင်ပြောပြိုင်ပွဲ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ကျင်းပခဲ့သော ဝက်ဆိုဒ်တီဗွီရိုက်ကူး လွှင့်တင်သည့် ပုံပြင်ပြောပြိုင်ပွဲ၌ ပထမဆုကို ထူးချွန်စွာ ဆွတ်ခူးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အမှတ်(၇)အခြေခံပညာ မူလတန်းကျောင်းမှ တတိယတန်းကျောင်းသူလေး မမြတ်စောသျှင်အား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

လယ်ဝေးမြို့ပြည့်စုံကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ ပြည့်စုံကိုယ်ပိုင်အထက်ကျောင်းတွင် ယမန်‌နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည့်စုံကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း အခမ်းအနားကျင်းပသည်။

ကျိုက်ထိုမြို့နယ်၌ မုန်လာဥစိုက်တောင်သူများ စားဝတ်‌နေရေး အဆင်ပြေလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မုန်လာဥစိုက်ပျိုးခြင်းကြောင့် တောင်သူများ အပိုဝင်‌ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် “လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို  ယမန်​နေ့ နံနက်ပိုင်းက အဆိုပါကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

အ.ထ.က(ခွဲ)ငကျော်တောင်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲကျင်းပ

ရခိုင်ပြည်နည်၊ သံတွဲမြို့၊ အ.ထ.က(ခွဲ)ငကျော်တောင်ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။

ကျိုင်းတုံမြို့နယ် ယန်းလူး အ.ထ.က ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းက မူးယစ်ဆေးဝါး အန္တရာယ်အသိညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့နယ်၊ ယန်းလူး၊ အခြေခံပညာထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား (Pfizer) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဆရာတော် သံဃာတော်များအား (Pfizer) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက အုတ်ဖိုလ် တိုက်ကျောင်း ဘုန်းတော်ကြိးကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ သတင်းတု၊ သတင်းမှား ခွဲခြားဆန်းစစ်ခြင်း သင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ သတင်းတု၊ သတင်းမှား ခွဲခြားဆန်းစစ်ခြင်းသင်တန်းကို ၂၅-၁-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားခဲ့သည်။

ဘုတ်ပြင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေး စုံညီပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်က အ.ထ.က ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to