တိုက်ကြီးမြို့နယ် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းမီးစစ်ဆေးခြင်းနှင့် သတိပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏လမ်းညွှန်ချက်အရ တိုက်ကြီးခရိုင်၊ မီးသတ်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့က တိုက်ကြီးမြို့နယ် ဥက္ကံမြို့နှင့်အဖျောက်မြို့တို့ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းမီးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သတိပေးနှိုးဆော်ခြင်းများကို မီးငြှိမ်းသတ်ယာဉ်များဖြင့် လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ကြသည်။

စမ်း​ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်

ရန်ကုန်တိုင်း‌ဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးမှုများအား ယမန်နေ့ည(၇:၀၀)မှ(၈:၃ဝ)ထိ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အရန်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲကို အိုးတန်းရပ်ကွက် ရွှေဂျိုးဖြူခန်းမတွင် ယမန်နေ့ နံနက် ၁၀နာရီအချိန်က ကျင်းပသည်။

မင်းလှမြို့နယ် ရွာတော်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်စေရန်နှင့် တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရွာတော်ကျေးရွာ၌ စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)၏ (၁၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။

မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် စာအောင်ဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်၌ (၂၀၂၃)ခုနှစ် အစိုးရပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲတို့တွင် အောင်မြင်ခဲ့သည့် စာအောင်ပုဂ္ဂိုလ်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုငွေဆက်ကပ်လှူဒါန်းခြင်း၊ စာအောင်ဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

မင်းလှမြို့၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှစ်ပတ်လည်အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့ ဂျုံးဂျုံးကျတောရကျောင်းတွင် တည်ထားကိုးကွယ်မည့် “ငြိမ်းချမ်းအောင်ဆုတောင်းပြည့်” စေတီတော်ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ ဂျုံးဂျုံးကျတောရကျောင်းတိုက်အတွင်း၌ တည်ထားကိုးကွယ်မည့် “ငြိမ်းချမ်းအောင် ဆုတောင်းပြည့်” စေတီတော်ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။

မွန်ပြည်နယ်မှထွက်ရှိသည့် ကွမ်းသီးများကို ပြင်ပနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့

မြန်မာနိုင်ငံတွင် ကွမ်းသီးများကို မွန်နှင့်ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး မွန်ပြည်နယ်၌ ကွမ်းသီးများကို ယိုးဒယားမျိုး(ကွမ်းသီး အဝိုင်း)နှင့်ဒေသမျိုး(ကွမ်းသီးအချွန်)နှစ်မျိုးအား ဒေသအတွင်း အများအပြားစိုက်ပျိုးကြ၍ ထွက်ရှိသည့် ကွမ်းသီးများကို ပြင်ပနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိသလို ပြည်တွင်းတွင်လည်းတင်ပို့ရောင်းချသည်။
Subscribe to