နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်-၃၀၀တွင် လူအချင်းချင်းပြောဆိုဆက်ဆံခြင်း၊ ပြည်သူလူထုနှင့်ပြောဆိုဆက်ဆံခြင်းနည်းလမ်းများ ဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၃၀၀တွင် စဉ်ဆက်မပြတ် ဆေးပညာလေ့ကျင့်သင်ကြားခြင်းအစီအစဉ်နှင့် လူအချင်းချင်းပြောဆိုဆက်ဆံခြင်း၊ ပြည်သူလူထု နှင့်ပြောဆိုဆက်ဆံခြင်းနည်းလမ်းများ ဆွေးနွေးပွဲကို ယနေ့မန်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ဆေးရုံကြီး ခုတင်-၃၀၀၌ ကျင်းပခဲ့သည်။