သထုံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်၌ မိုးသီးနှံချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊  စလင်းမြို့နယ်တွင်  (၂၀၂၄-၂၀၂၅)ခုနှစ်  မိုးသီးနှံစိုက်ပျိုးရာသီအတွင်း မိုးရွာသွန်းမှုကောင်းမွန်ခဲ့၍  မြို့နယ်အတွင်းရှိ  စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ  တောင်သူများအနေဖြင့်  သီးနှံဝင်ငွေတိုးပွားရေးကို အလေးထား၍ စိုက်ပျိုးလာကြရာ ယခုနှစ်စိုက်ပျိုးပြီးစီးခဲ့သည့်  ချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံတောင်သူများထံမှ သိရသည်။

ပလောက်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ တန်ဆောင်မုန်းလပြည့်နေ့အကြောင်း အသိပညာပေး (Talk Show) ဆောင်ရွက်

ပလောက်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ တန်ဆောင်မုန်းလပြည့်နေ့အကြောင်း အသိပညာပေး (Talk Show) ဆောင်ရွက် ပလောက် နိုဝင်ဘာ ၁၂ နှင်းမြူလွင် ပလောက်

ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ နယ်လှည်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ နယ်လှည်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက် ချမ်းမြသာစည် နိုဝင်ဘာ ၁၂ ညိုညိုဝင်း

ပျော်ဘွယ်မြို့နယ်တွင် မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်သစ်တောဦးစီးဌာနမှ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ပန်းစုံ) တွင် ကျင်းပပြုလုပ်သည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ “လောင်းကစားဥပ‌ဒေအ‌ကြောင်းသိကောင်းစရာ” အသိပညာပေး Talk Show ဆောင်ရွက်

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ “လောင်းကစားဥပ‌ဒေအ‌ကြောင်းသိကောင်းစရာ” အသိပညာပေး Talk Show ဆောင်ရွက် ဥတ္တရသီရိ နိုဝင်ဘာ ၁၂ အောင်မျိုးဝင်း(ပြန်/ဆက်)

ငါန်းဇွန်မြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ ကလေးအလုပ်သမား ပပျောက် ရေးအသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် "မီးခိုးမြူငွေ့လျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး" ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ "မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စုဝေးခန်းမ၌ ကျင်းပသည်။

ငဖဲမြို့နယ် ရင်းရှည်ကျေးရွာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်းကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်သည့်အလေ့အထ ဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ရင်းရှည်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျင်းပခဲ့သည်။
Subscribe to