ကော့သောင်း ဖေဖော်ဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့သီရိမြိုင်ရပ်ကွက်ရှိ ပြည်သူ့ ရင်ပြင်တွင် ကျင်းပလျက်ရှိသည့် ရနောင်း-ကော့သောင်းချစ်ကြည်ရေး ခရီးသွားပွဲတော် အထိမ်းအမှတ်အဖြစ် ဈေးရောင်းပွဲတော်အား ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပလျက်ရှိရာ နှစ်နိုင်ငံမှ အရောင်းပြခန်းများ၊ ဈေးရောင်းသူများ၊ ဈေးဝယ်သူ ဒေသခံပြည်သူ များဖြင့်အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါဈေးရောင်းပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏ အမှတ်တံဆိပ်ကို ထင်ရှားပေါ်လွင်စေရန်၊ Sustainable Tourism Development ရေရှည်တည်တံ့၍ ဖွံ့ဖြိုးတိုးတက်သော ခရီးသွား လုပ်ငန်းဖြစ်လာစေရန်နှင့် ဧည့်သည်များအတွက် စိတ်ကျေနပ်မှုပေးဆပ်နိုင်စွမ်းအရှိဆုံး ခရီးစဉ်ဒေသတစ်ခု ဖြစ်လာစေရန် ရည်ရွယ်၍ကျင်းပရ ခြင်းဖြစ်ကာ ပွဲတော်အားညစဉ် နိုင်ငံကျော် အဆိုတော်များမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေလျက်ရှိရာ ဒေသခံပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ထိုသို့ ဈေးရောင်းပွဲတော်အတွင်း ကော့သောင်းမြို့နယ်ရှိ သာယာလှပသော လည်ပတ်စရာကျွန်းများ၊
နှစ်နိုင်ငံဈေးရောင်းပြခန်းများ၊ ကျွန်းများရှိ သာယာလှပသောအထင်ကရနေရာများ၊ လာရောက်လည်ပတ်သူများအနေဖြင့် စိတ်အပန်းပြေစရာရှုခင်းများ၊ လက်ဆောင်ပစ္စည်း ပြခန်းများအား အထူးစုံလင်စွာပြသထားရှိသောကြောင့် လာရောက်ကြည့်ရှုသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)