ပြင်ဦးလွင် ဖေဖော်ဝါရီ ၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်းပညာသင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ဆင်ဖြူအင်းကျေးရွာ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ ပြင်ဦးလွင်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ပြင်ဦးလွင် မြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ပြင်ဦးလွင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် အခြားဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ ကျေးရွာမှရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်မှ သင်တန်းဖွင့် အမှာစကား ပြောကြားပြီး ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းကို(၅-၂-၂၀၂၄)ရက်နေ့မှ (၅-၃-၂၀၂၄)ရက်နေ့အထိ (၁)လကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား(၂၀)ဦးအား ရင်စေ့အင်္ကျီ၊ ရင်ဖုံးအင်္ကျီ၊ ရင်ဖြတ်ဆက်အင်္ကျီ၊ နောက်ကွဲအင်္ကျီ၊ သင်္ဘောသားအင်္ကျီ၊ ကလေးဂါဝန်၊ ထဘီစကပ်ချုပ်နည်းအမျိုးမျိုး၊ ရှပ်အင်္ကျီချုပ်နည်းများကို စာတွေ့(၃၀)%၊ လက်တွေ့ (၇၀)%ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။
ဖြူလူသစ်(ခရိုင် ပြန်/ဆက်)