လပွတ္တာမြို့နယ် အ . ထ. က (၂) ကျောင်းတွင်၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် နှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင် ၊ လပွတ္တာမြို့နယ် အ . ထ. က (၂)ကျောင်းတွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အ.ထ.က(၂) ကျောင်း ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၁)ဈေးတွင် မီးဘေးအန္တရာယ်ကင်းဝေးရေး လိုက်လံစစ်ဆေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ပြည်သူများ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်‌ရေးတို့အတွက် လိုက်လံစစ်ဆေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဥ် (၁ / ၂၀၂၄) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဋ္ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကြီး ဦးဆောင်၍ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဥ် (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက သာကေတမြို့နယ်၊အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကြီးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ EDU Park ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မီးသတ်ဦးစီးဌာနရုံးသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့၌ အိမ်သာတွင်းသစ်တူးရာ ကျင်းသစ်သို့ အိမ်သာဟောင်းမှမစင်များ ကျင်းသစ်ဘက်သို့ပေါက်ကျပြီး အောက်စီဂျင်ပြတ်နေသည့် အမျိုးသားသုံးဦးအား ညောင်ဦး မီးသတ်တပ်ဖွဲ့မှ ကယ်တင်နိုင်ခဲ့

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အမှတ်(၅)၊ ရေဝင်းရပ်ကွက်တွင် အိမ်သာကျင်းသစ်တူးအား အမျိုးသားနှစ်ဦးမှတူးဖော်နေစဉ် အိမ်သာဟောင်းဘက်မှ မစင်များပေါက်ထွက်ကာ ကျင်းသစ်ဘက်သို့ဝင်ရောက်ပြီး အမျိုးသားနှစ်ဦးသည် ကျင်းပေါ်သို့မတက်နိုင်ပဲ အောက်စီဂျင်မဝဖြစ်၍ သတိလစ်နေကြောင်း သတင်းရရှိ၍ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့နေ့လည် ၂:၀၀ နာရီခန့်တွင် သွားရောက်ကူညီ ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ပါမြေ စိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေး အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် ရေတာရှည်မြို့အဝင်တွင် စိုက်ထူခဲ့သည်။

သာကေတမြို့နယ် ၁၀၈ တောင် စေတီတော်တွင် ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ

သာကေတမြို့နယ် ကျက်သရေဆောင် ၁၀၈ တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော် ဂေါပကအဖွဲ့မှကြီးမှူး၍ ၅၇ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော် ပုဖ္ဖာရုံတန်ဆောင်း၌ ကျင်းပပြုလုပ်သည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အဆောက်အဦ မှတ်တမ်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အဆင်ပြေစွာ ကောက်ယူသွားနိုင်ရေးအတွက် မြေပြင်အဆောက်အဦ မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ရုံးသို့ရောက်ရှိရာ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးမှ တိုင်းဒေသကြီးအတွင်း မီးလောင်မှုဖြစ်ပွားမှု၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု၊ မီးငြှိမ်းသတ်ယာဉ်များဝယ်ယူထားရှိမှု၊ ရှာဖွေကယ်ဆယ်ရေးမော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများဖြည့်တင်းထားရှိမှု၊ ဝန်ထမ်းများသက်သာ ချောင်ချိရေးအတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
Subscribe to