သရက် ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် သရက်ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)အဖွဲ့ ခေါင်းဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး သရက်ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးဝင်းနိုင်က လူမှုကွန်ရက်ပေါ်မှာ သတင်းတုများ၊ နိုင်ငံတော်အကြည်ညိုပျက်စေသည့် သတင်းများဖော်ပြလျင် ဥပဒေအရ အရေးယူ ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ကာ သရက်ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင်ခရိုင်လူဝန်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ဝန်ကြီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဦးသိန်းဇော်က အစိုးရနှင့် ပြည်သူကြား ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်ဖို့နှင့် အဂတိလိုက်စားခြင်း(၄)မျိုးနှင့် ပတ်သက်၍ ပြောကြားပေးခဲ့သည်။
ထို့နောက် သရက်ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဒေါ်ယဉ်ယဉ်မြင့်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ ပြောကြားပေးခဲ့ပြီး သရက်ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင်ခရိုင်စာရင်းစစ်အရာရှိဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန်းလွင်၊ သရက်ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနဦးစီးအရာရှိ (စုံစမ်းရေး) ဦးအောင်ဖေနှင့် သရက်ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင် ပြည်တွင်းအခွန်ဦးစီးဌာန ဦးစီးဌာနမှူး ဦးဝင်းမြင့်တို့ကအဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးပေးခဲ့ရာ တက်ရောက်လာသည့်ပုဂ္ဂိုလ်များမှ ဆွေးနွေးမှုအပေါ် သက်ဆိုင်သည့်ဌာနအလိုက် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)