သပိတ်ကျင်းမြို့၌ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား စည်ကားသိုက်​မြိုက်စွာ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက်၊ သစ်​​တောရုံးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၂၇.၁.၂၀၂၄) မှ (၅.၂.၂၀၂၄) ရက်နေ့အထိ (၉)ရက်တိုင် ရွတ်ဖတ်ပူဇော်ခဲ့သည့် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် အ.မ.က မြို့မ (၁)တွင် စာဖတ်ရှိန်မြှင်တင်ရေးဟောပြောပွဲကျင်းပ

အိမ်မဲမြို့နယ် အ.မ.က မြို့မ (၁)တွင် စာဖတ်ရှိန်မြှင်တင်ရေးဟောပြောပွဲကျင်းပ အိမ်မဲ ဖေဖော်ဝါရီ ၅ ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)

လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ဘုန်းတော်ကြီးသင်ပညာရေး (မူလွန်)ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၅ ရက် နံနက် ၉ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျိုက်လတ်မြို့နယ် ခနောင်ရွာသစ်ကျောင်း၌ ဌာနများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ယနေ့ နေ့လယ် (၁) နာရီက ခနောင်ကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းကျောင်း (ခနောင်ရွာသစ်) ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းဆောင်ရွက်

ပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်၍ မုဒုံမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့မွန်းလွဲ ၁ နာရီက အ.ထ.က (၂)ကျောင်းအနီးရှိ လူနေအိမ်များ၌ ဆောင်ရွက်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ၁၆၄၃၁၂ ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ခရိုင်(၁၄)ခရိုင်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ၁၆၄၃၁၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။

ကျိုက်မရောမြို့ အ.ထ.ကခွဲ ကျွန်းရွာသစ်၌ လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို အ.ထ.က ကျွန်းရွာသစ်ခန်းမ၌ ကျင်းပသည်။

မချမ်းဘောမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Pfrizer ထိုးနှံပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Pfrizer ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံးကြီး၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကသာမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးဌာန၏ လမ်းညွှန်မှု၊ ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  အားကစားပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ဧရာရွှေလီအားကစားခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရေနံချောင်းမြို့မဈေးကြီး၌ မီးဘေးလုံးခြုံရေးစစ်ဆေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတိမူရေး မီးဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီက ရေနံချောင်းမြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to