တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ၊ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉:၃၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်ပိုစတာ ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျောင်သား/သူများ အသိပညာဗဟုသုတများ ပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေး​ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့က အ.မ.က (ကုက္ကိုတန်း) စာသင်ကျောင်း၌ ပြုလုပ်သည်။

ရေဦးတွင် (၆၄) ကြိမ်မြောက် မြို့လုံးကျွတ်မဟာဘုံကထိန်တော်အောင်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အောင်ရတနာကားသင်း မိသားစုနှင့် ဒေသခံအလှူရှင်များ စုပေါင်းပြုလုပ်သော (၆၄) ကြိမ်မြောက် မြို့လုံးကျွတ် မဟာဘုံက ထိန်တော်အောင်ပွဲ အခမ်းအနားကို ကထိန်မဲကျရာ ပါဠိဝီဇ္ဇာ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်တွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ဟုမ္မလင်းမြို့နယ်၌ ကွန်ကရစ်လမ်းများတည်ဆောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆန်ကျိန်းကျေးရွာ၌ ကွန်ကရစ်လမ်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ပလောက်မြို့၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ကျောက်တောင်ကျေးရွာ ၊ ကွင်းအမှတ် (၇.က)၊ ဦးပိုင်(၈၇)ရှိ တောင်သူ ဦးထူးတင်၏ လယ်ယာမြေ၌ မိုးစပါး ဆင်းသုခစံပြကွက်အား ယနေ့နံနက်၈ နာရီအချိန်တွင် ရိတ်သိမ်းခဲ့ကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းထံမှ သိရသည်။

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထားသည့် ဆောင်းနှမ်းများအသီးသီးနှုန်းကောင်းမွန်ကာ အထွက်နှုန်းကောင်းရန် တောင်သူများမျှော်လင့်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုးထားသည့် ဆောင်းနှမ်းများ အသီးသီးနှုန်းကောင်းမွန်ခြင်းနှင့်အတူ အပွင့်များသိမ်းချိန် မိုးရွာသွန်းမှုကြောင့် ဆောင်းနှမ်းများ အထွက်နှုန်းကောင်းရန် သေချာသလောက်ရှိနေပြီဖြစ်ကြောင်း ဆောင်းနှမ်းစိုက်ပျိုး တောင်သူများထံက သိရသည်။

နတ်မောက်မြို့နယ်တွင် ဆောင်းနှမ်းလျင်သီးနှံစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနှမ်းလျင်သီးနှံများကို တောင်သူများ စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။     

ကသာမြို့နယ်တွင် ပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်ရေ အရည်အသွေးရလာဒ်များအား ထုတ်ပြန်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်အတွင်း ပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်၏ရေအရည်အသွေးတိုင်းတာမှု ရလာဒ်များကို လစဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက်နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို အသိပညာပေး ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်၊နံရံကပ်စာ စောင်ပြပွဲများကို ယမန်နေ့  နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Subscribe to