စမ်းချောင်းမြို့နယ်၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီတွင် စမ်းချောင်းမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း တော်၀င်ခန်းမ၌ ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ အမျိုးသားနေ့ ပေါ်ပေါက်လာပုံနှင့် အမျိုးသားနေ့နှင့်ပတ်သတ်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲကအချိန်က အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အင်းတိုင်၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးတို့ ပူးပေါင်း၍ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) အင်းတိုင်ရှိ ကျောင်းသား/သူများအား ယနေ့နံနက်ပိုင်းက  ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်မြို့တွင် ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်

(၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်း‌ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးခိုင်ထွန်းဇော် ဦးဆောင်သည့် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဆေးကုသ‌ပေးခြင်းကို ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း၌ ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က ပြုလုပ်သည်။

တာချီလိတ်မြို့၌ မီးခိုး/မြူငွေ့လျော့ကျရေး၊ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှု လျော့ကျရေးအတွက် သစ်တောများ၏ အခန်းကဏ္ဍ အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုး/မြူငွေ့လျော့ကျရေး၊ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှု လျော့ကျရေးအတွက် သစ်တောများ၏ အခန်းကဏ္ဍ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ရန်အောင်မြေ)တွင် ကျင်းပပြုလုပ်သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (စုဒ္ဒသမအကြိမ်) စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (စုဒ္ဒသမအကြိမ်) စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။

တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းယောင်းမြို့နယ်၌ စဉ်ဆက်ပညာရေးလုပ်ငန်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှု ကြည့်ရှုအားပေး

မိုင်းယောင်းမြို့နယ်၌ စဉ်ဆက်ပညာရေးလုပ်ငန်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှု ကြည့်ရှုအားပေး မိုင်းယောင်း နိုဝင်ဘာ ၁၂ ဝေဝေခိုင်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ရေကြီးနစ်မြုပ်၍ လယ်ယာများ ပျက်စီးခဲ့သည့် တောင်သူများသို့ နေကြာမျိုးစေ့နှင့် ယူရီးယားဓါတ်မြေဩဇာများ ထောက်ပံ့

ကယားပြည်နယ်အစိုးရအဖွဲ့မှ ရေကြီးနစ်မြုပ်၍ သီးနှံပျက်စီးဆုံးရှုံးမှုများအတွက် အစားထိုးပြန်လည်စိုက်ပျိုးမည့်တောင်သူများနှင့် ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ အခမဲ့ထောက်ပံ့ခြင်းနှင့် ယူရီးယားဓါတ်မြေဩဇာများ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တောင်သူများ တက်ရောက်ကြသည်။
Subscribe to