အင်းစိန်မြို့နယ်၊အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်ကျောင်းကစခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ပူးပေါင်းပြီး ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်ကျောင်းကစခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရေကြီးနစ်မြုပ်ပျက်စီးလယ်မြေများတွင် ဆောင်းဆီထွက်သီးနှံမြေပဲများ ပြန်လည်အစားထိုးစိုက်ပျိုး

ကရင်ပြည်နယ်အတွင်း ယခုနှစ်တွင် နှစ်ကြိမ်တိုင်တိုင်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး မုန်တိုင်းရာဂီ၏သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏အရှိန်ကြောင့် မိုးစပါးဧက ၃၅၃၉၁ ဧက ရေနစ်မြုပ်ခဲ့ပြီး ၃၁၂၉၆ ဧက ထိခိုက်၍ ၁၄၄၆၁ ဧက ဒုတိယအကြိမ် ထပ်မံပျက်စီးခဲ့ရကာ မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသည့်လယ်မြေများတွင် ဆောင်းဆီထွက်သီးနှံမြေပဲများ ပြန်လည်အစားထိုးစိုက်ပျိုးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့်မြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းတို့ပူးပေါင်းထုတ်လုပ်သော ကွန်ပေါင်းဓါတ်မြေဇာမိတ်ဆက်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့်မြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်းတို့ ပူးပေါင်းထုတ်လုပ်သော ကွန်ပေါင်းဓါတ်မြေဩဇာမိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က မိတ္ထီလာမြို့သမဝါယမအသင်းစုရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျော်ဇံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဂဠုန်ရပ်ကွက်အတွင်းကွင်းဆင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်း ဆောင်းဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာတို့အား ပိုမိုအလေးထား စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်အတွင်း ဆောင်းဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာတို့အား ပိုမိုအလေးထား စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

ကန့်ဘလူမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၌ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ထာဝရခန်းမ၌ ကျင်းပသည်။

ရွှေတောင်မြို့နယ်(အ.လ.က) မယားမာန်ကျောင်းနှင့် အ.မ.က ထန်းကုန်းမြေနီဝကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ (အ.လ.က)မယားမာန်ကျောင်းနှင့် အ.မ.က ထန်းကုန်းမြေနီဝ ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီပါဌာနဆိုင်ရာများ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အိမ်မဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အ.မ.က သာယာကုန်းကျောင်း၌ဆောင်ရွက်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ က​လေးအလုပ်သမားပ​ပျောက်ရေး အသိပညာ​ပေး​ဟော​ပြော

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် က​လေးအလုပ်သမားပပျောက်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကို နိုဝင်ဘာလ ၁၂ ရက်၊ မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Subscribe to