မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဖူဆယ်ဘောလုံး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဖွင့်ပွဲ ကျင်းပ

မြစ်ကြီးနားတက္ကသိုလ်၌ ကျောင်းသား/သူများ ခန္ဓာကိုယ်ကျန်းမာကြံခိုင်စေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဖူဆယ်ဘောလုံး(အမျိုးသာ/အမျိုးသမီး) ပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါတက္ကသိုလ်ရှိ ဖူဆယ်ဘောလုံကွင်း၌ ကျင်းပသည်။

မြစ်သားမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့တွင်ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍  မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက မြစ်သားမြို့နယ်၊ ကူမဲမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ရွှေရောင်တော်ဘုရားကြီးတွင် ရှင်အပါး ၅၀၀၀ ရှင်ပြုအလှူပြုလုပ်ရန် မြေနေရာများရှင်းလင်းခြင်း လိုက်လံကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရှေ့ဟောင်းသမိုင်းဝင် ရွှေရောင်တော်စေတီတော်မြတ်ကြီးတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုလှူဒါန်းမှုပြုလုပ်ရန် မြေနေရာများ ရှင်းလင်းခြင်းဆောင်ရွက်နေမှုများကို ယမန်နေ့နေလယ် (၁) နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည်ရှုခဲ့ကြောင်း သိရပါသည်။

(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က တပ်ဦးဘုန်းတော်ကြီးပညာသင်ကျောင်း၌ ကျင်းပပြုလုပ်သည်။

လှည်းကူးမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါးနက်ကုန်း(ကျောင်းစု)ကုန်ထုတ်လမ်းသစ် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါးနက်ကုန်း(ကျောင်းစု)ကုန်ထုတ်လမ်းလမ်းသစ်ဖွင့်ပွဲအား ယနေ့ နံနက် ၁၁ နာရီက ဝါးနက်ကုန်းကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာရှိ အဆိုပါလမ်း မုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

တာလေမြို့၌ အသက်(၅)နှစ်ပြည့်ပြီး အသက်(၇)နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး(DT) ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်းကျန်းမာရေးဌာနမှ အသက်(၅)နှစ်ပြည့်ပြီး အသက်(၇)နှစ်မကျော်သော Kindergraten(KG)အတန်းတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး(DT) ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ပါလိုင်)၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်ပေါင်းစုံ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲ မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပ

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ပေါင်းစုံ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားတက္ကသိုလ်သုတေသနဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့် ဌာနဆိုင်အကြီးအကဲများ၊ ရပ်ကွက်၊‌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၉၅၇ ဒသမ၂၁၉ သန်း အကုန်အကျခံကာ   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ‘ ဝ ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ မက်မန်းမြို့နယ်တွင် လမ်း/တံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to