ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ တိုးချဲ့ရေပေးဝေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ တောင်ရပ်ကွက်၊ နယ်မြေ(၁)တွင် နွေရာသီ၌ ရေပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် တိုးချဲ့ရေပေးဝေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ကျိုက်မရောမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ပြသ

မွန်ပြည်နယ်၊ ကျိုက်မရော မြိုနယ်တွင်  ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အ.ထ.က ကျွန်းရွာသစ်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ကျွန်းလှ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပကြောင်းသိရသည်။

အိမ်မဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန် တွင်ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးရှိ သင်တန်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ(၁၂)ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အ.ထ.က (၁) ဇလွန်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီတွင် အ.ထ.က (၁) ဇလွန်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝမ်းတွင်းမြို့နယ် ကျောင်းကုန်းကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ဆိုလာတပ်ဆင်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် လိန်ပင်ကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး အကောင်အထည်ဖော်ဆောင်ရွက်သည့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကသာမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ကသာခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့ နံနက် (၁၂) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် King Lead ဖိနပ်စက်ရုံ၌ (Biometric Data) ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊စက်ရုံဝန်ထမ်းများ၏ ဇီဝဆိုင်ရာအချက်အလက် (BiometricData) ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to