ကန့်ဘလူမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းဆက်လက်ဆောင်ရွက်

ကန့်ဘလူ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း ဆက်လက်စစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၆ ရက်နံနက် ၁၀ နာရီက အမှတ်(၃)ရပ် ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာမှ လက်ထောက်မီးသတ်ဦးစီး မှူးနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်တင့်နှင့်ရာအိမ်မှူးက နေအိမ်များတွင် အသုံးပြုနေသော မီးဖိုမီး၊ လျှပ်စစ်ကြိုး၊ ဘုတ်ခုံများ၊ မီးချိတ်၊ မီးကပ်၊ ရေတဘက်၊ သဲ၊ ရေ၊ လှေခါး စသည်ပြင် ထားရှိမှုများ၊ ဆန်စက်၊ ဆီစက်များတွင်အသုံးပြုနေသော လျှပ်စစ်ဝါယာကြိုးများ ၊မီးခလုတ်များ ကောင်းမွန်မှု ရှိမရှိ၊ မီးသတ်ဆေးဘူးများထားရှိရေးတို့ကို လိုက်လံကြည့်ရှု စစ်ဆေး၍ အိမ်ရှင်များ၊ လုပ်ငန်းရှင်များအားလိုအပ်သည်များ အကြံပြုမှာကြား ဆွေးနွေးခဲ့ ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)