ကျိုက်လတ်မြို့နယ် ခနောင်ရွာသစ်ကျောင်း၌ ဌာနများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ယနေ့ နေ့လယ် (၁) နာရီက ခနောင်ကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းကျောင်း (ခနောင်ရွာသစ်) ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းဆောင်ရွက်

ပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်၍ မုဒုံမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့မွန်းလွဲ ၁ နာရီက အ.ထ.က (၂)ကျောင်းအနီးရှိ လူနေအိမ်များ၌ ဆောင်ရွက်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ၁၆၄၃၁၂ ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ခရိုင်(၁၄)ခရိုင်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ၁၆၄၃၁၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။

ကျိုက်မရောမြို့ အ.ထ.ကခွဲ ကျွန်းရွာသစ်၌ လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို အ.ထ.က ကျွန်းရွာသစ်ခန်းမ၌ ကျင်းပသည်။

မချမ်းဘောမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Pfrizer ထိုးနှံပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Pfrizer ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံးကြီး၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကသာမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးဌာန၏ လမ်းညွှန်မှု၊ ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  အားကစားပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ဧရာရွှေလီအားကစားခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရေနံချောင်းမြို့မဈေးကြီး၌ မီးဘေးလုံးခြုံရေးစစ်ဆေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတိမူရေး မီးဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီက ရေနံချောင်းမြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ခနောင်ကျေးရွာအုပ်စု၊ ခနောင်(၁) ရွာမကျောင်း၌ ယနေ့‌ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍  ကျင်းပပြုလုပ်ခဲ့သည်။

မချမ်းဘောမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲ၊  စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်စွမ်းရည်မြင့်မားလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဒေသခံပြည်သူများ လက်မှုအတတ်ပညာများ တက်မြောက်စေရန်နှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်တက်စေရန် ရည်ရွယ်၍ မအူပင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to