စစ်ကိုင်းမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီချိန် ဆီထွက်သီးနှံဧက (၅၅,၄၆၇) စိုက်ပျိုးနိုင်ခဲ့
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီချိန် ဆီထွက်သီးနှံ ဧက (၁၃,၇၇၈) စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။