လပွတ္တာ ဖေဖော်ဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကြိမ်ကုန်းကြီးကျေးရွာအုပ်စု၊ ပေချောင်းကျေးရွာတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူစိုးက မီးလောင်ကျွမ်းခဲ့သည့် နေအိမ်နှင့်အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာဖိုးငွေ၊ အိမ်ဆောက် ပစ္စည်းထောက်ပံ့ငွေ (၇၆၉၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပုံး (၇)ပုံးတို့အား မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်