(၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ကွန်ဟိန်း နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် (၃၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို  ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ စစ်ဗျူဟာ(အခြေချ)(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်နှင့် ကွန်ဟိန်းတပ်နယ် မိသားစုဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဝင်းနိုင်နှင့် ဝန်ထမ်းမိသားစုများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံစေတနာရှင် မိဘပြည်သူများတို့က နမောသဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အောင်မင်္ဂလာ ကျောင်းတိုက်ဆရာတော် ဦးအဂ္ဂသေနထံမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော် အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဇျယ် ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခြင်း၊  ကထိန်သင်္ကန်း၊ ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်ခြင်းတို့ ဆောင်ရွက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)