တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွကိနေမှုနှင့် ဆိပ်ကမ်းသာလမ်း၊ ကတ္တရာလမ်းခင်းခြင်း၊ ထပ်ပိုး ကတ္တရာခင်းခြင်းလုပ်ငန်းများအားကြည့်ရှုစစ်ဆေး

ထားဝယ် နိုဝင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်း တွင် ထားဝယ်သူပြုနာသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ထားဝယ်မြို့၊ ဆိပ်ကမ်းသာလမ်း၊ ကတ္တရာလမ်းခင်းခြင်း၊ ထပ်ပိုး ကတ္တရာခင်းခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထားဝယ်သူနာပြုကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်၍ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသန့်ရပ်လှပစေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားပြီး လျှောက်လမ်းနှင့် သင်တန်းခန်းမအား လိုက်လံကြည့်ရှုကာ  လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက ကျောင်းဝင်းအတွင်း အမှိုက်သရိုက်များ၊ သစ်ပင် ခြုံနွယ်များနှင့် မြက်ပင်များ ရှင်းလင်းခြင်း၊ ပေါင်းမြက်များနှင့် ခြုံနွယ်ပိတ်ပေါင်းများအား မြက်ခုတ်စက်ဖြင့် ရှင်းလင်းခြင်း၊ အမှိုက်ကားဖြင့် သယ်ယူစွန့်ပစ်ပေးခြင်း ထွက်ရှိလာသော အမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်ပြီး စနစ်တကျစွန့်ပစ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်လေဆိပ်၌ လေယာဉ်ကွင်းပြေးလမ်းအား ကြည့်ရှုစစ်ဆေးပြီး ပြေလမ်းတစ်လျှောက်နှင့်  ပြေးလမ်းဝဲယာရှိ သန့်ရှင်းသန်ရပ်လှပစေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ကြက်စားပြင်ရပ်၊ ဆိပ်ကမ်းလမ်း၊  (၂၇၀' × ၁၂၉") (၂၇၀' × ၁၂၃) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးအထိ ကတ္တရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးကတ္တရာခင်းခြင်းလုပ်ငန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးနှင့် အောင်တံခွန်ငါးဈေးအကြား (၄ဝဝ' × ၃၀' × ') (၁၈၀' × ၁၅'-၆")၊ (၅၈၀' × ၁၂၉")၊ (၅၈၀' × ၁၂၃")ကတ္တရာလမ်းချဲ့ခြင်း နှင့်ထပ်ပိုးကတ္တရာခင်းခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းချဲ့ရာတွင် မလွတ်သော လမ်းမီးတိုင်များကို နောက်သို့ ရွေ့ပြောင်းပေးကြရန် လိုအပ်ကြောင်း၊ ဆိပ်ကမ်းလမ်းမှတဆင့် ပေါက်တိုင်းအထိ လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းမှာကြားပြီး အောင်တံခွန်ငါးဈေးအနီး ဆိပ်ခံတံတားတည်ဆောက်ခြင်း (၁၂၀'x၁၂၁၅) ချဉ်းကပ်လမ်းနှင့် လွင်ပြင်(၃၆×၁၅’×၁၅) လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ အောင်တံခွန် ငါးဈေးတွင်ငါးများ စနစ်လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ  လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)