ကျောင်းကုန်း နိုဝင်ဘာ ၁၆
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး ဧရာဝတီတိုင်းဒေသကြီး ရိုးရာလက်ဝှေ့ဆပ်ကော်မတီနှင့် မြို့နယ်အားကစာနှင့်ကာယပညာကော်မတီတို့မှ ပူးပေါင်းစီစဥ်သော မြန်မာ့ရိုးရာလက်ဝှေ့မျိုးဆက်သစ်ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာ့ရိုးရာလက်ဝှေ့မျိုးဆက်သစ် (၂)မိနစ်(၂)ချီ ကြားပွဲများအဖြစ် မင်းရဲကြယ်စင် (ရာဇာဓိရာဇ်)နှင့် စောဒါပိုး(ရှောက်ပိုင်းသား) ၊စည်သူကျော်(ရာဇသိင်္က္ခ)နှင့် ရွှေဒါး(ရှောက်ပိုင်းသား)၊ အောင်ကြီး(528 ရွှေကျင်မြေ)နှင့် ကြယ်စင်ဟိန်း(RAY)၊ ပြည့်ကြီး(နိုင်းလက်ဝှေ့)နှင့် အောင်သိုက်(အဖြူရောင်သွေးသစ်)၊ ပြည့်ထူး(အဖြူရောင်သွေးသစ်)နှင့် ကောင်းကြီး(နိုင်း လက်ဝှေ့)၊ စိုးလေး(528 ရွှေကျင်မြေ)နှင့် မျိုးကြီး(နဂါးမာန်)၊ အောင်မျိုးကျော်(ရာဇသိင်္က္ခ)နှင့် ခန့်စည်သူ(RAY)၊ မြတ်မင်းမောင်(ရာဇသိင်္က္ခ)နှင့် ရန်နိုင်လင်း(ကျိုက်လတ်)၊ ဗစ်ကာ(Warrior)နှင့် လင်းထိုက်(အ ဖြူရောင်သွေးသစ်)တို့ ပါဝင်ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး (၃)မိနစ်(၃)ချီကြားပွဲများအဖြစ် ယက္ခမင်း(ဧရာနဂါး)နှင့် ရာမ(Warrior)၊ ဖြိုးကိုကို(နိုင်းလက်ဝှေ့)နှင့် တိုက်မောင်း(အဖြူရောင်သွေးသစ်)တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။
ဆက်လက်၍ (၃)မိနစ်(၃)ချီပွဲစဉ်များအဖြစ် မင်းခန့်အောင်(ကျိုက်လတ်)နှင့် ဒေါ်လာ(RAY)၊ ထန်မင်းလာက်(RAY)နှင့် လမင်းပြည့်စုံ(360 Sport)၊ စောကဲမိုက်(ရွှေမအူပင်)နှင့် အောင်ဖြိုးပိုင်(RAY )၊ စောပိုင်(နဂါးမာန်)နှင့် ရှားလားလား(Bago Fight)၊ စောထဲနီစေး (Bago Fight)နှင့် ဖိုးသား(RAY)တို့လည်းကောင်း၊(၄)မိနစ်(၄)ချီပွဲစဉ်အဖြစ် လပြည့်လင်း (52 8ရွှေ ကျင်မြေ)နှင့် အောင်ကောင်းကျော် (RAY)၊ စောမောင်ဇော်(ဟံသာဝတီသား)နှင့် စောငမောက် (ဒို့ရိုးရာ)၊ အောင်ကိုလတ်(RAY)နှင့် အာဖရိက(360 Sport)တို့ ဝိတ်တန်းတူကြားပွဲများ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။
အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ရိုးရာလက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ ဦးသစ္စာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် လက်ဝှေ့ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)