ကေ့ာကရိတ် နိုဝင်ဘာ ၁၆
မြန်မာ့ဆယ်နှစ်လရာသီတွင် တန်းဆောင်းမုန်းလ၏ ထင်ရှားသည့်ပွဲတော်တစ်ခုဖြစ်သည့် ကထိန်ခင်းခြင်း(ဝါ) ကထိန်သင်္ကန်းကပ်လှူသည့် ကထိန်ပွဲများသည် အမြို့မြို့အနယ်နယ်ရှိ မြို့ပြကျေးရွာတို့ တွင် ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ တောင်ပေါ်ကျောင်းတိုက်တွင်လည်း မြန်မာ့ရိုးရာ အစဥ်လာမပြတ် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို တန်ဆောင်းမုန်းလပြည့်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စုပေါင်းမဟာဘုံကထိန်သို့လာရောက်ကြသော ဧည့်ပရိသတ်အပေါင်းတို့အား နံနက်ပိုင်းမှစ၍ စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိပြီး နံနက်(၉)နာရီချိန်တွင် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရာ ကေ့ာကရိတ်မြို့နယ်အတွင်းရှိ ပင့်ဆရာတော် သံဃာတော်များ၊ ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ မုဒုံမြို့၊ သာယာကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလထံမှ ရှစ်ပါးသီလနှင့် သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ယင်းနောက် အလှူရှင်များက ဆရာတော်၊ ပင့်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ မုဒုံမြို့၊ သာယာကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလဆရာတော်ထံမှ ကထိန်တရားနာယူခြင်း ရေစက်သွန်းချ အနုမောဒနာတရား နာယူခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)