နတ်မောက် နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်ရှိ ဆရာတော်ဦးဥပ္ပလ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တန်ဆောင်မုန်းလပြည့်ည ၆ နာရီအချိန်ခန့်က ဆုတောင်းဘုရားကြီးတွင် ဆီမီး(၁၀၀၀)ကပ်လှူပူဇော်ပွဲ ကျင်းပခဲ့သည်။
အဆိုပါဆီမီး(၁၀၀၀)ကပ်လှူပူဇော်ရာတွင် ဆုတောင်းပြည့်ဘုရားကြီးသို့မြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများမှ လာရောက်ပြီး ပန်း၊ ရေချမ်း၊ အမွှေးတိုင်များကပ်လှူပူဇော်ခြင်း၊ ဘုရားကြီးတွင် အဓိဋ္ဌာန်ပုတီးစိပ်ခြင်းများပြုလုပ်ခဲ့ကြရာ ဘုရားဖူးလာရောက်ကြသည့် လူငယ်များကလည်း မိမိသူငယ်ချင်းများနှင့် အဝေးရောက်သူငယ်ချင်းများအား အမှတ်တရအဖြစ်ပြသနိုင်ရန် ဆုတောင်းပြည့်ဘုရားကြီးဆီမီး(၁၀၀၀)ပူဇော်ထားသည့် ဓာတ်ပုံများ၊ မိမိသူငယ်ချင်းများနှင့်အတူ ဆီမီးပူဇော်နေသည့်ဓာတ်ပုံများကို အပျော်တမ်းအဖြစ်ဖုန်းကင်မရာလေးများဖြင့် ရိုက်ယူကြပြီးဆုတောင်းပြည့် ဘုရားကြီး၏ဆီမီးရောင်စုံအလှများဖြင့် စည်းကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။
လှဝင်း