သုံးခွမြို့နယ်တွင် ရပ်ကွက်နေပြည်သူများအား ကြက်ဥများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အမှတ်(၁)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ မြို့နယ်အားကစားခန်းမရှေ့နှင့် အမှတ်(၁၁)ရပ်ကွက်၊ ဓမ္မစေတီလမ်းရှိမြို့မစျေးရှေ့တို့တွင် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊

ချောင်းဆုံမြို့နယ်၌ နယ်လှည့်ကျန်းမာရေးစစ်ဆေးရေးအဖွဲ့မှ အခမဲ့လူနာရှာဖွေကုသခြင်းများ ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံမြို့နယ်၌ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် (IOM)အဖွဲ့တို့ ပူးပေါင်း၍ နယ်ကျန်းမာရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် အခမဲ့လူနာရှာဖွေကုသခြင်းများကို နိုဝင်ဘာ (၁၈) ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၂၈) ရက်နေ့က ဒရယ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် လူနာရှာဖွေကုသခြင်းများကို ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မိုင်းယောင်းမြို့နယ်တွင် ဆိုလာပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဆိုလာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ပါဟုတ်ကျေးရွာအုပ်စု၊ ပါဟုတ်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့မဈေးကြီးတွင် မီးဘေးလုံခြုံရေးလုပ်ငန်းများ ကြပ်မတ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဒေသတွင်းမီးလောင်မှု မဖြစ်ပွားစေရေးနှင့် ပြည်သူများ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များအား အလေးထားစေရေးတို့ကို ရည်ရွယ်ကာ ယမန်နေ့ညနေပိုင်း၌ စည်ပင်သာယာရေးအဖွဲ့ပိုင် ဘိုကလေးမြို့မဈေးကြီးအတွင်း တာဝန်ရှိသူများက မီးဘေးလုံခြုံရေးအတွက် ကြပ်မတ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဘိုကလေးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး ကြပ်မတ်စစ်ဆေးမှုမျာဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ယမန်နေ့ ညနေ(၄)နာရီအချိန်၌ တာဝန်ရှိသူများက ဘိုကလေးမြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် ကြပ်မတ်စစ်ဆေးလမ်းညွှန်မှုများ ဆောင်ရွက်ခဲ့ကြသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက် အဆိုပြုချက်များရေးဆွဲတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုပြည်နယ်ရန်ပုံငွေဖြင့် ရင်းနှီးမြုပ်နှံမှုရည်မှန်းချက် အဆိုပြုချက်များ ရေးဆွဲတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်ရှိ ရတနာပုံစက်သုံးဆီအ​ရောင်းဆိုင်အား မီး​ဘေးအန္တရာယ်ကင်း​ဝေး​စေ​ရေး စစ်‌ဆေး​ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်သုံးဆီအ​ရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဆောင်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့ကြံ့ခိုင်​ရေးရပ်ကွက်ရှိ ရတနာပုံစက်သုံးဆီအ​ရောင်းဆိုင်အား သွားရောက်စစ်ဆေးခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ပေးခဲ့သည်။

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး  ကျောက်ဆည်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟု သုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်  ယမန်နေ့မွန်းလွဲ (၁) နာရီက ကျောက်ဆည်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ရွှေသရဖီခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ နှင့် အသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တမူးမြို့တွင် ကျောင်းအခြေပြု ဆုံဆို့ မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဆက်လက်ထိုးနှံ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကျောင်းအခြေပြု ဆုံဆို့ မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to