သံတောင်ကြီးမြို့၌ တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ ပိုများလာ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် အသက်မွေးဝမ်းမှုအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်မွေးမြူရေး လုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိပြီး ဆိတ်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်သူများ ပိုများလာကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂ဝ၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်သည်။

မြဝတီမြို့၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ကြရေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊  ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ  မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် သတိပေးနှိုးဆော်ခြင်းများကို ယမန်နေ့ ညပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် အမှတ် (၂) ရပ်ကွက်အတွင်း၌  လှည့်လည်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားရေး ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင် အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဘက်စုံသုံးခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက စစ်ကိုင်းမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်သည်။

သံတောင်မြို့တွင် ရော်ဘာများ ဈေးကောင်းရရှိသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေ 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် တောင်ကုန်းတောင်တန်းများ ထူထပ်ပြီး သဘာဝမြေဩဇာများ ရှိသည့်အတွက် ဒေသခံပြည်များမှာ အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့်  အသက်မွေးဝမ်းကြောင်းပြုကြသည်။ ယခု နိုဝင်ဘာလအချိန်တွင် သံတောင်ကြီးဒေသရှိ  ရော်ဘာစိုက်ပျိုးလုပ်ကိုင်သောတောင်သူများသည် အစေးလှီးခြင်းနှင့် ရော်ဘာပြားများထုတ်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေပြီး ပြန်လည်ရောင်းချရာတွင် ရော်ဘာများ ဈေးကောင်းရရှိသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင်  အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း ရောင်းချပေးခဲ့သည်။

မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီက အမှတ် (၂) ရပ်ကွက်ရှိ K9 ဘိလိယက်ခုံတွင် ကျင်းပခဲ့သည်။

ပင်းတယမြို့၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန (Community Centre) ခန်းမ၌ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
Subscribe to