ရန်ကုန်တိုင်းဒေသကြီး၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု အဆိုပြုလျှောက်ထားခဲ့သည့် အထက်တန်းအဆင့် ကျောင်း(၁၅)ကျောင်း၊ အလယ်တန်းအဆင့် ကျောင်း(၇)ကျောင်းနှင့် မူလတန်းအဆင့် ကျောင်း(၁၂)ကျောင်း စုစုပေါင်း ကျောင်း(၃၄)ကျောင်းအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်တွင် စမ်းချောင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။