ပေါက်ခေါင်း နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အသက်အရွယ်အလိုက် ထိုးနှံပေးခြင်းကြောင့် ရောဂါဖြစ်ပွားမှုများ ကျဆင်းလာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်တွင် ပညာသင်ကြားနေသော အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော (K.G) ကျောင်းသား၊ ကျောင်းသူအား ဆုံဆို့မေးခိုင် ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သော ကျောင်းသူတို့ကို သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)