သံဖြူဇရပ်မြို့နယ်ရှိ ရတနာပုံစက်သုံးဆီအ​ရောင်းဆိုင်အား မီး​ဘေးအန္တရာယ်ကင်း​ဝေး​စေ​ရေး စစ်‌ဆေး​ဆောင်ရွက်

သံဖြူဇရပ် နိုဝင်ဘာ ၂၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်သုံးဆီအ​ရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဆောင်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့ကြံ့ခိုင်​ရေးရပ်ကွက်ရှိ ရတနာပုံစက်သုံးဆီအ​ရောင်းဆိုင်အား သွားရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုတိယမြိုနယ်အုပ်ချုပ်​ရေးမှူး ဦး​ပြေညိမ်းဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦး​အောင်​ကျော်​ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များပါရှိသည့် မီး​ဘေးလုံခြုံရေးအဖွဲ့ဖြင့် ​သွား​ရောက်၍ ရတနာပုံစက်သုံးဆီအရောင်းဆိုင်ရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင်ကာကွယ်နိုင်​ရေးအတွက် မီးငြိမ်းသတ်မှုပုံစံမှန်ကန်​​စေရေး မီးသတ်ဆေးဘူးကိုင်တွယ်မီငြိမ်းသတ်မှုနည်းစနစ်ကို ရှင်းလင်း​ပြောကြားပြီး၊ မီးငြိမ်းသတ်သည့် အမြှပ်​ဆေးရည်ဘူးများထားရှိ​ရေး၊ မီးသတ်​ဆေးဘူးများ သုံးစွဲ၍ ရ/မရ၊ ဆီသို​လှောင်ကန်များ စနစ်တကျထားရှိ​ရေးတို့ကို လိုက်လံစစ်‌ဆေးဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည်များကို အကြံပြု​​​ပြောကြားခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)