ဘိုကလေးမြို့မဈေးကြီးတွင် မီးဘေးလုံခြုံရေးလုပ်ငန်းများ ကြပ်မတ်စစ်ဆေး

ဘိုကလေး နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဒေသတွင်းမီးလောင်မှု မဖြစ်ပွားစေရေးနှင့် ပြည်သူများ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များအား အလေးထားစေရေးတို့ကို ရည်ရွယ်ကာ ယမန်နေ့ညနေပိုင်း၌ စည်ပင်သာယာရေးအဖွဲ့ပိုင် ဘိုကလေးမြို့မဈေးကြီးအတွင်း တာဝန်ရှိသူများက မီးဘေးလုံခြုံရေးအတွက် ကြပ်မတ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများ ပူးပေါင်းကာ ဈေးကြီးအတွင်း မီးသတ်ယာဉ်၊ မီးသတ်ရေကန်၊ မီးသတ်ဆေးဘူး ထားရှိမှု အခြေအနေများ၊ လျှပ်စစ်သွယ်တန်းသုံးစွဲမှု အခြေအနေများ၊ လောင်စာမီးဖိုများဖြင့် ချက်ပြုတ်သုံးစွဲနေမှု အခြေအနေများအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ဈေးကြီးအတွင်းမှ ဈေးရောင်းဈေးဝယ်များအား လိုအပ်သည်များကို လမ်းညွှန်မှာကြား အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)