ပဲခူးမြို့၌ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုစနစ်တို့ သက်မှတ်ချက်နှင့်အညီ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး 

ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်‌၊ ဖောင်တော်ဦးဘုရားလမ်းရှိ ကောင်းသုခအထွေထွေရောဂါကုဆေးရုံ၏ ဆေးဆိုင်တွင် ဆေးဝါးထားသိုမှု ဖြန့်ဖြူးရောင်းချမှုစနစ်တို့သည် သက်မှတ်ချက်နှင့်အညီ ကိုက်ညီမှုရှိ/မရှိအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

လိပ်သိုဒေသတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော ဝဥများအား တူးဖော် ရောင်းချခြင်းဖြင့် ဒေသခံများ အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဥယျာဉ်ခြံမြေများ၊ တောတောင်များ၌ သဘာဝအလျောက် ရှင်သန်ပေါက်ရောက်လျက်ရှိသော ဝဥပင်များမှ ဝဥများအား ရှာဖွေတူးဖော် ရောင်းချခြင်းဖြင့် ဒေသခံများ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကျင်းပမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါ ကျောင်းပင်မဆောင်စာသင်ခန်း၌ ကျင်းပခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီရုံး၏ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini နှင့်အဖွဲ့အားတွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-ICRC)ရုံး၏ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini နှင့်အဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဲယားကွန်း ပြုပြင်တပ်ဆင်ခြင်းသင်တန်းဆင်းပွဲနှင့် အခြေခံဂဟေဆက်သင်တန်းဖွင့်ပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကနောင်မင်းသားကြီးလမ်း (၁၃၉)လမ်းမကြီးပေါ်လမ်းအမှတ် ၄၇ နှင့် ၄၈ ကြားရှိ အလုပ်သမားညွှန်ကြားမှုဦးးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)တွင်ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သော အဲယားကွန်းပြုပြင်တပ်ဆင်ခြင်း သင်တန်းဆင်းပွဲနှင့် အခြေခံဂဟေဆက်သင်တန်းဖွင့်ပွဲကို ပြုလုပ်ခဲ့သည်။

လိပ်သိုဒေသတွင် ကွမ်းကြမ်းများ အရောင်းအဝယ် ဖြစ်သောကြောင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဒေသထွက်ကုန်ဖြစ်သော တောင်ပေါ်ကွမ်းကြမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ကွမ်းစိုက်ပျိုးသူဒေသခံတောင်သူများက လိပ်သို-သံတောင်ကြီး-တောင်ငူ-ကျောင်းကုန်း ကျေးရွာ လမ်းဆုံတွင် ကွမ်းကြမ်းများ ရောင်းဝယ်လျက်ရှိကြကြောင်း သိရသည်။

ကရသူရိမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေး Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် ကွမ်းသီးဈေးနှုန်းများ မနှစ်ကထက် ဈေးပိုရ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ဒေသတွင် ရာသီပေါ်နှစ်ရှည်သီးနှံတစ်ခုဖြစ်သည့် ကွမ်းသီးဈေးနှုန်းမှာ မနှစ်ကထက် ဈေးပိုရရှိကြောင်း ကွမ်းသီးခြံစိုက်ပျိုးလုပ်ကိုင်နေသူတွေထံမှ သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club များက စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး သိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန် ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာ ခင်စေတင့်၏ စွန့်စားမှုဆီသို့ခြေတစ်လှမ်းစာအုပ်အား ယနေ့နံနက် (၁၀)နာရီက သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့၌ အခြေခံပညာကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် အခြေခံပညာကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Subscribe to