မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ/ဘဲဥများရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ/ဘဲဥများ လက်ဝယ်အရောက် ရောင်းချပေးခြင်းအား ယနေ့နံနက် (၇)နာရီမှစတင်၍ အမှတ်(၃) ရပ်ကွက်၊ ကမ်းသာယာဈေးအနီးရှိ နယ်မြေမီးသတ်စခန်းရှေ့၊ အမှတ်(၂)ရပ်ကွက်ရှိ (၃)လမ်းဈေးနှင့် အမှတ်(၇)ရပ်ကွက်ရှိ ဗန္ဓာပင်ဈေးအတွင်း ရောင်းချသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံစုံ ၁၀၆၃ ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၁၀၆၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၊ ကြောင်ထောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူပေါင်း၍ အသိပညာဟောပြောပွဲအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကြောင်ထောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလားဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်ဌာနဆိုင်ရာရုံးအသီးသီး၌ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တက္ကသိုလ်/ ဒီဂရီ ကောလိပ်များမှ ကျောင်းသား/သူများ ချစ်ကြည်ရင်းနှီးမှုများရရှိပြီး လုပ်ငန်းခွင်အတွင်း ကျန်းမာသန်စွမ်းကာစိတ်ပျော်ရွှင်စွာဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများအား မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)ရှိ သက်မှတ်အားကစားရုံများတွင် နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍ အားကစားနည်း ၁၁ မျိုးအား ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် ယှဉ်ပြိုင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ဓနုဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ရေး၊ ကျဆင်းရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဦးစီးကော်မတီ၏ ကြီးကြပ်မှုဖြင့် အခြေခံအိမ်ထောင်စုများအား ကြက်ဥများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်း လူစည်ကားရာနေရာများ၌ ရောင်းချပေးခဲ့သည်။

ကျွန်းလှမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို နိုဝင်ဘာ (၂၈) ရက်နေ့နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပသည်။

ရေနံချောင်းမြို့နယ် ရွာသာအေးကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် အ.မ.က(၇၇)ကျောင်း ကြိုတင်ဖျက်သိမ်းပြောင်းရွေ့

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ရွာသာအေးကျေးရွာတွင် နိုဝင်ဘာ တတိယပတ်က ဧရာဝတီမြစ်ရေတိုက်စားကာ နေ့စဉ်ကမ်းပါးပြိုကျနေပြီး အမှတ်(၇၇) အခြေခံပညာမူလတန်းကျောင်းဆောင်အနီးသို့ ရောက်ရှိလာသည့်အတွက် ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်မဖြစ်ပွားစေရေး ကျောင်းဆောင်အား ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ထားကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

သန်လျင် (TTEC) ကိုယ်ပိုင်အထက်တန်းကျောင်း အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲကျင်းပ

သန်လျင် (TTEC) ကိုယ်ပိုင်အထက်တန်းကျောင်း (၂၀၂၄ - ၂၀၂၅) ပညာသင်နှစ်ကျောင်းတွင်း အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲဖွင့်ပွဲကို ယနေ့နံနက် (၈) နာရီတွင် သန်လျင်မြို့ သီဟဒီပ ဖူဆယ်ကွင်းရှေ့၌ ကျင်းပသည်။

နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ (၃၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၄/၂၀၂၄)ကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကြက်ဥများ သက်သာသော စျေးနှုန်းဖြင့် ရောင်းချ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့်အများပြည်သူသို့ ကြက်ဥများဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to