တာလေမြို့၌ စာဖတ်ရှိန်မြင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများထံ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ ဆောင်းသီးနှံစုံ ဧက ၆၅၀၀၀ ကျော် စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် တောင်သူများ ဝင်ငွေတိုးပွားစေရေးတို့အတွက် ယခုနှစ်တွင် ဆောင်းသီးနှံစုံ စိုက်ဧက ၉၀၀၀၀ ကျော် ဒေသတွင်း လျာထားအကောင်အထည်ဖော်စိုက်ပျိုးလျက်ရှိရာ ယမန်နေ့ အထိ သီးနှံစုံ ၆၅၀၀၀ ဧကကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

တောင်ငူ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ တောင်ငူခရိုင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ ကြီးမှူး၍ စာရေးသူ ဆရာနောင်၏ “အရိုးကျီးပေါင်းသဘာဝကုထုံး “စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀) နာရီက စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်း‌တောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးတွင် နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုကိုခံယူ၍ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ ဦးဆောင်ကြီးကြပ်မှုဖြင့် ဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများမှ နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းကို နိုဝင်ဘာ ၂၇ ရက်နေ့က အဆိုပါနေရာတွင် ပြုလုပ်ခဲ့သည်။

သာယာဝတီမြို့နယ်၌ ပန်းကန်စက် ငွေစုငွေချေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယဝတီခရိုင်၊ သာယာဝတီမြို့နယ် ပန်းကန်စက်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျွဲသတ်အုပ်စု၊ အင်းရွာရှိ အမှတ်(၃၄) အကြီးစားစက်မှုဝန်ကြီးဌာန ပန်းကန်စက် စက်ရုံ ဧည့်ရိပ်သာ၌ ကျင်းပခဲ့သည်။

ကမာရွတ်မြို့နယ်တွင် လူငယ်စကားဝိုင်းနှင့်အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုတိုးတက်စေရန်၊ ကျောင်းစာကြည့်တိုက်များ တိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းနှင့်လူငယ်​ရေးရာအသိပညာ​ပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀း၀၀) နာရီက ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော လယ်မြေများအတွက် မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော လယ်မြေများအတွက် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့က စိုက်ပျိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးတွင် ကျင်းပသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ကြက်ဥများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်‌ရေးမှူးရုံးတို့ ညှိနှိုင်းပူး‌ပေါင်း၍ Fresh Egg မှ ကြက်ဥအလုံး (၁၀၀၀၀) ထုတ်ယူ၍ သတ်သာသောဈေးနှုန်းဖြင့် ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြည်သူများလက်ဝယ်သို့ တိုက်ရိုက်ရောင်းချပေး‌ကြောင်း သိရသည်။

မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to