ဘိုကလေး နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ယမန်နေ့ ညနေ(၄)နာရီအချိန်၌ တာဝန်ရှိသူများက ဘိုကလေးမြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် ကြပ်မတ်စစ်ဆေးလမ်းညွှန်မှုများ ဆောင်ရွက်ခဲ့ကြသည်။
ကြပ်မတ်စစ်ဆေးရာတွင် ဘိုကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့ပူးပေါင်းကာ ကမ်းနားလမ်းတစ်လျှောက်မှ လူနေအိမ်များ၊ ဈေးဆိုင်တန်းများ၌ အမှိုက်ပုံးထားရှိမှုအခြေအနေများ၊ အမှိုက်စွန့်ပစ်မှုအခြေအနေများအား ကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားအသိပညာပေးခဲ့ကြကြောင်း သိရသည်။
မိုးစက်