တမူး နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကျောင်းအခြေပြု ဆုံဆို့ မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် (၁.၉.၂၀၁၄မှ ၃၁.၈.၂၀၁၅) ခုနှစ်အတွင်း မွေးဖွားခဲ့သည့် ကျောင်းသူ(၅၇)ဦးအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် အသက်(၅)နှစ်မှ (၇)နှစ်ကြား ကျောင်းသား/ကျောင်းသူ(၁၅၂)ဦးတို့အား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုအား တမူးခရိုင် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ယနေ့အချိန်အထိ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပြီး ကျောင်းသူ(၁၆၉)ဦးနှင့် ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံပြီးသူ(၄၉၅)ဦး ထိုးနံပြီးပြီဖြစ်ကြောင်း အလားတူ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား အခြေခံပညာကျောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တမူး (ပြန်/ဆက်)