ကော့သောင်းမြို့တွင် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသော စက်သုံးဆီဆိုင်များသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသော စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများက ယမန်နေ့က မြို့ပေါ်ရပ်ကွက်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဝါးခယ်မမြို့နယ်၌ ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လှေကျင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဥပဒေဆိုင်ရာသိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ဥပဒေဆိုင်ရာသိမှတ်ဖွယ်ရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဝါးကုတ္တောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌လည်းကောင်း ညနေ(၁)နာရီအချိန်၌ ရွှေဂွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ရွေပညာရတနာခန်းမတို့၌ ဆောင်ရွက်ခဲ့ကြသည်။

မိုင်းယန်းမြို့နယ် အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောက်ရွက်မည့် လုပ်ငန်း/စီမံကိန်းအဆိုပြုချက်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပျဉ်းမနားမြို့၊ အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပျဉ်းမနားမြို့၊ အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ ပျဉ်းမနား နိုဝင်ဘာ ၂၈ မျိုးသီဟ (ပြန်/ဆက်)

ရွှေဂွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဓမ္မစကြာ၊ ပဌာန်းနှင့်ပရိတ်ကြီး(၁၁)သုတ် ရွတ်ဆိုပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားလူငယ်များအနေဖြင့် ဘာသာတရားရိုသေ ကိုင်းရှိုင်းပြီး နူးညံ့သိမ်မွေ့သော ကျောင်းသားလူငယ်များဖြစ်လာကြစေရန်၊ အမျိုးဘာသာ၊ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရေးအတွက် ရည်ရွယ်၍ ဓမ္မစကြာ၊ ပဌာန်းနှင့်ပရိတ်ကြီး(၁၁)သုတ်ရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့မနက် ၉ နာရီအချိန်က ရွှေပညာရတနာခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကကြီးမှူး၍ ရွေဒါးကျေးရွာရှိ အမှတ် (၈)အထည်ချုပ်စက်ရုံတွင် အမျိူးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ ​အောင်ဇမ္ဗူဆု​တောင်းပြည့်​ စေတီ​တော်မြတ်​ကြီး ထီးတော်တင် မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်အတွင်း ခုနှစ်ရက်သားသမီးများမှ တည်ထားကိုးကွယ်လျက်ရှိသည့် အောင်ဇမ္ဗူဆု​တောင်းပြည့်​စေတီ​တော်မြတ်ကြီးကို အသစ်ပြန်လည်တည်ထား ကိုးကွယ်လျက်ရှိရာ ​စေတီ​တော်မြတ်ကြီး ပြုပြင်မွမ်းမံမှုများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ထီး​တော်တင်မင်္ဂလာ အခမ်းအနားကို ၁၃၈၆ ခုနှစ် န​တ်တော်လပြည့်​နေ့၊ ဒီဇင်ဘာလ ၁၅ ရက်​နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်​ကြောင်း သိရသည်။

ဘားအံမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွမှုနှင့်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်အတွင်း သဘာဝအခြေခံခရီးသွားခရီးစဉ်ဒေသများ၌ ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်ရရှိစေရေး၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့နည်းစေရေး၊ ခရီးသွားပြည်သူများ စိတ်ရွှင်လန်းချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးမှူးရုံး သင်တန်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to