လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး  ကျောက်ဆည်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသ

ကျောက်ဆည် နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟု သုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်  ယမန်နေ့မွန်းလွဲ (၁) နာရီက ကျောက်ဆည်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ရွှေသရဖီခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ နှင့် အသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် အမှတ် (၂) အခြေခံပညာအထက်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန်းက လူငယ်များကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်လာစေရန် စာပေကိုကြိုးစားသင်ယူကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလမင်းသန်းက ပတ်ဝန်းကျင်ရေးရာကျင့်ဝတ်နှင့်သိမှတ်ဖွယ်ရာများ၊ ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သက်ပြီး ပြုမူနေထိုင်ခြင်း၊ နေရောင်ခြည်စွမ်းအင်ကိုအသုံးပြုခြင်း၊စွမ်းအင်ချွေတာသောပစွ္စည်းများကိုသုံးစွဲရေး၊ ကာဗွန်ထုတ်လွှင့်မှု လျှော့ချရေး၊ စွမ်းအင်ချွေတာသောမီးလုံးများကိုအသုံးပြုရေး၊  ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှင့်သောပစ္စည်းများ သုံးစွဲမှုမှလျော့ချရေး စသည့် အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက လူငယ်များ စာပေဗဟုသုတကြွယ်ဝပြီး အသိပညာပြည့်ဝ၍ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သော လူငယ်များဖြစ်လာစေရန် ရိုးသားကြိုးစားကြစေရန် အားလပ်ချိန်တွင် စာပေကို လေ့လာဖတ်ရှုကြရေး ဆွေးနွေးခဲ့ပြီး ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ဆိုင်ရာကျင့်ဝတ်နှင့် သိမှတ်ဖွယ်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ ရသစာအုပ်များနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။  

စုစုအေး(ကျောက်ဆည်)