စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် အ.ထ.က ကျောင်းသို့ Mobile Library နယ်လှည့်ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် အ.ထ.က ကျောင်းသို့ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များကို ယနေ့ နံနက်(၁၀)နာရီအချိန်က နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။