ကျောက်တံခါးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၈) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

ကျိုက်ထိုမြို့နယ် မူလွန်(၁)ကံ့ကော်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်(၉)နာရီက ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ မူလွန်(၁)ကံ့ကော်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြ‌သည်။

အာနန္ဒာဘုရားကြီး၏ (၉၃၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့နံနက်မှ စတင်၍ လှူဒါန်းထားသည့် ဆွမ်းသပိတ်လုံးများအား ရေစက်သွန်းချ အမျှအတန်းပေးဝေးကာ မြန်မာပြည်အရပ်ရပ်မှ လှူဒါန်းထားရှိသည့် ဆွမ်းသပိတ်လုံးများအား သံဃာတော်အရှင်သူမြတ် ၃၂၀ ပါးတို့အား လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၈)နာရီအချိန်ကစတင်၍ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့်မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၅ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က သထုံခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

ပခုက္ကူမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)မြို့မစည်ပင်သာယာဈေးကြီး၌ ယနေ့နံနက် ၈ နာရီအချိန်က ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကော့ကရိတ်မြို့၌ (၆၁) ကြိမ်မြောက် စုပေါင်းဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၂၈) ကျောင်းမှ သံဃာတော်အပါး (၅၀) ပါးတို့အား (၆၁) ကြိမ်မြောက် စုပေါင်းဆွမ်းကြီးလောင်းလှူပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) ဝင်းကြီးရပ်ကွက်၊ သာသနဟိတကာရီဓမ္မရုံတွင် ဆင်ယင်ကျင်းပပြုလုပ်ကြသည်။

လွိုင်ကော်မြို့၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲပြုလုပ်

ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပေါင်းစပ်၍ ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးနှင့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေး၏စင်တာ သင်တန်းခန်းမ၌ ပြုလုပ်သည်။

ကျိုင်းတုံမြို့ ကျိုင်းဖောင်းရေပူစမ်း၌ ဆောင်းရာသီကာလ လာ‌ရောက်အပန်းဖြေလည်ပတ်သူများဖြင့် စည်ကား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျိုင်းဖောင်း ရေပူစမ်း/မြရွှေရည် ရေပူအပန်းဖြေစခန်းသို့ ဆောင်းရာသီကာလအတွင်း လာရောက်အပန်းဖြေလည်ပတ်သူများ စည်ကားလျက်ရှိကြောင်း သိရသည်။

လွိုင်လင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများမှ  အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက " စုံညီပွဲတော် ဒို့နွဲပျော်"သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။
Subscribe to