ကျိုင်းတုံ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် လက်ပုံစံနှိပ်ယူနည်း(ဆင့်ပွား) အမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲကို ယနေ့တွင် ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်က သင်တန်းမှပို့ချသည့် ာသာရပ်များကို ဂရုတစိုက် လိုက်နာသင်ယူသွားကြရန် အမှာစကားပြောကြားသည်။ သင်တန်းသို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ ရဲတပ်ဖွဲ့ဝင် ၂၀ ဦး တက်ရောက်ပြီး ဇန်နဝါရီ ၁၃ ရက်မှ ၂၄ ရက်အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)