လပွတ္တာမြို့ အမှတ်(၅)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

လပွတ္တာ ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ အမှတ်(၅)ရပ်ကွက်၌ ယမန်နေ့ည (၁၀) နာရီခန့်အချိန်က ကုန်သည်လမ်းရှိ ပိုင်ရှင်ဦးရဲကျော်ပိုင်ဆိုင်သော "ဦးသိန်းဟန် ဖိနပ်ဆိုင်"မှ ရေခဲသေတ္တာအပူရှိန်လွန်ကဲရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည (၁၂) နာရီအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)