ရွှေတောင် ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ မြို့နယ်မီးသတ်ဦးဌာနတွင် ယနေ့နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ သင်တန်းဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးဌာန ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဒုတိယတပ်ရင်းမှူး ဦးအေးမြင့်က မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အရန်မီးသတ်ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့ပေါ်ရပ်ကွက်များရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ သင်တန်းသား (၅၀) ဦးတက်ရောက်မည်ဖြစ်ပြီး (၁၃-၁-၂၀၂၅) ရက်နေ့မှ (၇-၂-၂၀၂၅) ရက်နေ့ထိ (၄) ပတ်ကြား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း