နတ်မောက်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြို့မဈေးတွင် အသိပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့မဈေးကော်မတီဥက္ကဋ္ဌတို့၏  ဦးဆောင်ကြီးကြပ်မှုဖြင့် ဈေးတာဝန်ခံနှင့် အဖွဲ့ဝန်ထမ်းများက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှိုးဆော်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

မောက်မယ်မြို့နယ်တွင် တပို့တွဲလ၌ ရိုးရာဓလေ့ထမနဲထိုး၍ အလှူများပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကုန်းလမ်းရပ်ကွက်တွင် တပို့တွဲလအတွင်း စုပေါင်းပြီးရိုးရာဓလေ့ထမနဲထိုး၍ ယနေ့နံနက်ပိုင်းက အလှူအဒါန်းများ ပြုလုပ်ကြကြောင်း သိရသည်။

(၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ထန်းတပင်မြို့နယ်၌ သားဆက်ခြားနည်းလမ်းများ ဆင့်ပွားသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် သားဆက်ခြားနည်းလမ်းများဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့က အမှတ်(၂)ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား‌ လက်ခုပ်ကုန်းကျေးရွာတွင် ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များ၊ စာပေဝါသနာရှင်များဖြစ်သည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့တွင် အီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်းသရုပ်ပြနှင့် စံပြစိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာရှိ စံပြစိုက်ပျိုးရေးခြံအတွင်း အီးအမ်ဘိုကာရှီ ဓာတ်မြေသြဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြနှင့် စိုက်ပျိုးသီးနှံများဖြစ်ထွန်းနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယနေ့ နံနက် ၉ နာရီက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ခိုလမ်မြို့၊ အ.မ.က(ခလရ၆၆)ကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ.မ.က(ခလရ-၆၆)ကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာအလယ်တန်းကျောင်း(တမာပင်) သို့ စာအုပ်စာစောင် များငှားရမ်းပေး      

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများစာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာပေးသုတ၊ရသစာပေများနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန်ရည်ရွယ်၍ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)သို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့သည်။   

ငဖဲမြို့တွင် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့်အညီ အနားယူ/အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဘာသာသာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်စွာတည်တံ့ပြန့်ပွားရေးအတွက် ငဖဲမြို့နယ်သံဃာ့နာယကအဖွဲ့မှ အနားယူလစ်လပ်သွားသော သံဃနာယကနေရာများ၌ အစားထိုးရွေးချယ်ရန် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့်အညီ အနားယူ/အစားထိုး ရွေးချယ်ခြင်းဆိုင်ရာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ငဖဲမြို့မရပ်ကွက် မြို့တော်ဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
Subscribe to