ထန်းတပင်မြို့နယ်၌ သားဆက်ခြားနည်းလမ်းများ ဆင့်ပွားသင်တန်းဖွင့်လှစ်

ထန်းတပင် ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် သားဆက်ခြားနည်းလမ်းများဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့က အမှတ်(၂)ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆင့်ပွားသင်တန်းဖွင့်ပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်လွင်နီအောင်က သားဆက်ခြားနည်းလမ်းများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို တစ်ရက်တာဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆင့်ပွားသင်တန်းသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်(၅၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်