ရေတာရှည်မြို့နယ် သံဃနာယကအဖွဲ့အနားယူ၊ အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူရိုင်၊ ရေတာရှည်မြို့နယ် သံဃနာယကအဖွဲ့ အနားယူ၊ အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ကံမြင့်ကျောင်းတိုက်၌ ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မိချောင်းအိုင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဒုတိယအကြိမ် KG ကျောင်းအတွင်း အာဟာရကျွေးမွေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဒုတိယအကြိမ် KG ကျောင်းအတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား တက်ရောက်

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူစွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)၏ အပါတ်စဉ်(၃ဝ)၊ ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းရှိ မြတ်ပညာခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

မအူပင်မြို့၌ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ယနေ့နံနက် ၉ နာရီမှ စတင်၍ လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို အမှတ် (၄) ရပ်ကွက်ရှိ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့က ကျိုင်းတုံမြို့တော်ခန်းမတွင်ကျင်းပရာ တြိဂံဒေသတိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် စဉ်ဆက်ပညာရေး စာသင်သားများ တက်ရောက်ကြသည်။

ပခုက္ကူမြို့၌ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မြန်မာ့လက်မှုထည် မြေသောက်ရေအိုးများ အရောင်းသွက်လာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မြန်မာ့လက်မှုထည် မြေသောက်ရေအိုးများ အရောင်းသွက်လာကြောင်း မြို့ပေါ်အိုးရောင်းဝယ်သူများထံက သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(ကျောက်ဆည်)တွင် ဧက (၂၀) စိုက်ပျိုးထားသော ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သည် ဆည်ရေသောက်စနစ်ဖြစ် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် နေရာဒေသအလိုက် သီးနှံမျိုးစုံ နှစ်ပတ်လည်စိုက်ပျိုးကြကြောင်းနှင့် သီးနှံများ စိုက်ပျိုးရာတွင် အောင်မြင်ရေးနှင့်ကုန်ကျမှုသက်သာစေရေး မြေဆီမြေဩဇာကောင်းမွန်သည့် ပိုက်ဆံလျှော်များ ပိုမိုစိုက်ပျိုးအသုံးပြုလာကြကြောင်း သိရပြီး ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ကျောက်ဆည်) တွင် ဧက (၂၀) အကျယ် စိုက်ပျိုးထားသော ပိုက်ဆံလျှော်မျိုးစေ့စိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပခုက္ကူဈေးကွက်အတွင်း မိုးကြက်သွန်နီတစ်ပိဿာလျှင် အများဆုံးငွေကျပ် နှစ်ထောင်ငါးရာကျော်အထိ ဈေးနှုန်းရရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း တင်ပို့ရောင်းချသည့် ကြက်သွန်နီတစ်ပိဿာလျှင် အများဆုံးငွေကျပ် နှစ်ထောင်ငါးရာကျော်အထိ ဈေးနှုန်းရရှိလျက်ရှိကြောင်း  ကြက်သွန်စိုက်တောင်သူများထံက သိရသည်။
Subscribe to