ကွမ်းခြံကုန်း ဖေဖေါ်ဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ခုပ်ကုန်းကျေးရွာတွင် ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းစိုးဦးဆောင်ကြီးကြပ်မှုဖြယ်င့်၊ ဒု-လဝကမှူး ဒေါ်ထက်ထက်ခိုင်နှင့် ဝန်ထမ်းများက လက်ခုပ်ကုန်းကျေးရွာတွင် အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ဆောင်ရွက်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေးစာရင်းမရှိသူများကိုလည်း ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)